9 [Z]

1.8K 136 1
                                    

အပိုင်း ()
🌳သစ်ပင်ကိုးပင်🌳

ငါဟာသစ်ပင်ဖြစ်ကြောင်း၊ ဒါကြောင့် အအေးဓာတ်ကို ခံစားလို့မရကြောင်း နောက်တစ်ကြိမ် သေချာ ထပ်ရှင်းပြပေမယ့်လည်း ရှင်းလျဲ့က သူ ငါ့ကို ကြည့်တိုင်း ချမ်းလာသလို ခံစားရလို့ အဝတ်အစား ဝတ်ကို ဝတ်ရမယ်လို့ မရမက ပြောတယ်။

ငါ အဝတ်အစား မဝတ်လို့ ရှင်းလျဲ့က ငါ့ကို မြင်တိုင်း ချမ်းနေရင်တော့ ငါဝတ်မှာပေါ့။

ငါလည်း လိမ်လိမ်မာမာလေးပဲ ရှင်းလျဲ့ရဲ့အနောက်က ကပ်လိုက်ပြီး သူ ငါ့ကို အမွေးပွကုတ် အင်္ကျီဝတ်ပေးတာကို ငြိမ်ခံနေလိုက်တော့တယ်။

"ဟယ်တော့.. ဧည့်သည်ရဲ့ ညီငယ်လေးက တော်တော်ချောတာပဲနော်"

ငါ ခေါင်းလှည့်ကြည့်လိုက်တော့ အစ်မကြီးတစ်ယောက် ငါတို့ဘက် လျှောက်လာပြီး ငါ့ကို အင်္ကျီကူဝတ်ပေးတယ်။

"ဒီကုတ်အင်္ကျီက ခြေထောက်အထိ ဖုံးနေတော့ ဝတ်တဲ့သူကို အရပ်ပိုရှည်လာသလို ထင်စေတယ်.. ဒီက ချစ်စရာကောင်းတဲ့ မောင်လေးလည်း ဒါဝတ်ပြီး လမ်းလျှောက်သွားရင်တော့ လူတွေအကုန်လည်ပြန်ငေးကြည့်ကြမှာ.. ပြီးတော့ ဒီကုတ်အင်္ကျီက ဆိုင်ကထုတ်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်းလေ.. ဧည့်သည်က တော်တော်အရွေးတော်တာပဲ"

ရှင်းလျဲ့ရဲ့ ပုလဲလုံးလေးတွေလို ဖြူဖွေးညီညာနေတဲ့ သွားတန်းလေးက လှစ်ခနဲ ပေါ်လာပြီး သူ့လက်ဖဝါးကို ငါ့ခေါင်းပေါ် တင်လိုက်တယ်။

"ဟုတ်လားဗျ? ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်"

ရှင်းလျဲ့က ငါ့ကို ချီးကျူးနေတာလား၊ ဒါမှမဟုတ် သူ့ကိုယ်သူ အရွေးတော်တဲ့လူလို့ ဝန်ခံလိုက်တာလားတော့ မသိဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ငါ့မျက်နှာပေါ်မှာ ပန်းရောင်လေး ဖြတ်ပြေးသွားပြီ။

ရှင်းလျဲ့ပြုံးလိုက်ရင် အရမ်း၊ အရမ်း၊ အရမ်းကို ချောတာပဲ။ အထူးသဖြင့် ငါ့ကို ပြုံးရင်းနဲ့ ချီးကျူးရင်ပေါ့။ အဲ့ဒါဆို နဂိုထက် ပိုချောသွားရော။

ရှင်းလျဲ့က ငါ့လည်ပင်းမှာ လည်စီးပဝါတစ်ခု လာပတ်ပေးတယ်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now