5 [U]

3.7K 859 12
                                    

အပိုင်း ()
🌳သစ်ပင်ငါးပင်🌳

နောက်တော့မှ ငါနားလည်လိုက်မိတာက ငါကပဲ အတွေးလွန်နေခဲ့တယ် ဆိုတာကိုပဲ။ ရှင်းလျဲ့က ငါ့ကို မလိုချင်တော့ရင်တောင် သူ့အိမ်ကိုတော့ လိုချင်ဦးမှာပဲလေ။

"မင်း.. တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်ခဲ့တာလား?"

ရှင်းလျဲ့ရဲ့ လက်တစ်ဘက်က ငါ့မျက်နှာကို ညှစ်ပြီး နောက်လက်တစ်ဘက်က ထမင်းအိုးကို ဖက်ထားရင်း မေးလာခဲ့တယ်။ သူ့တိုက်ခန်းတစ်ခုလုံး တလက်လက် အရောင်တောက်နေတာကို မြင်တော့ တော်တော်အံ့ဩသွားတဲ့ပုံပဲ။

ငါလည်း မျက်နှာမော့ပြီးတော့ တစ်ခုခု ချီးကျူးခံရဖို့ စောင့်နေတဲ့ပုံလေးနဲ့ ရှင်းလျဲ့ကို ကြည့်လိုက်တယ်။

ရှင်းလျဲ့က ပြောတယ်။

"ခရုနတ်သမီးလေးပေါ့?"

[T/N - ဒါဟာ ရှေးရိုးရာပုံပြင်တစ်ပုဒ်ပါ။ ရှေးသရောအခါ ဖုကျန်းစီရင်စုဝယ် မိဘမဲ့လူတစ်ယောက်ဟာ အိမ်ထောင်မရှိ၊ အားကိုးရာမရှိဖြစ်နေတာကို မိုးနတ်မင်းကြီး သတိထားမိတော့ ခရုနတ်သမီးလေးကို အဲဒီလူငယ်လေးကို ဂရုစိုက်ပေးဖို့ ကမ္ဘာမြေပေါ် စေလွှတ်လိုက်လေသတဲ့။ တစ်နေ့မှာ လူငယ်လေးက တောထဲသွားရင်း ခရုလေးတစ်ကောင်ကို တွေ့တော့ အိမ်ခေါ်လာပြီး ကရားလေးထဲမှာ ထည့်ထားလိုက်တာပေါ့။ အဲ့အချိန်ကစပြီး လူငယ်လေး အလုပ်လုပ်ပြီးလို့ အိမ်ပြန်လာတိုင်း တစ်အိမ်လုံး သန့်ရှင်းနေပြီး စားပွဲပေါ်မှာလည်း စားစရာ ပူပူနွေးနွေးလေးက အဆင်သင့်ပဲတဲ့။ နောက်တော့ ကောင်လေးက သူမကို မြင်သွားတော့ ခရုနတ်သမီးလေးလည်း ထွက်ပြေးသွားတော့တယ်။ ဒါပေမယ့် တချို့ပုံပြင်တွေမှာတော့ လူငယ်လေးက ခရုနတ်သမီးလေးကို သူတို့ရဲ့ နောက်ဆုံးဘဝတွေမှာ ကယ်တင်ပေးလိုက်တဲ့အတွက် သူ့ဆီပြန်လာတယ်တဲ့။ ]

ရှင်းလျဲ့က ထမင်းပေါင်းအိုးကို ဧည့်ခန်းထဲက ကော်ဖီစားပွဲဘေးမှာ ထားလိုက်တယ်။

သူအိမ်က ထွက်သွားတဲ့နေ့က ဝတ်ခဲ့တဲ့ အင်္ကျီကို ပြန်ဝတ်ထားတုန်းပဲ။ သူ့ကြည့်ရတာ တော်တော်ပင်ပန်းနေပုံပေါ်တယ်။ ဘာလို့ဆို သူစကားပြောလိုက်ရင် အသက်ရှူသံ ပြင်းပြင်းကို အဝေးကနေတောင် ကြားနေရတာ။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now