6 [U]

3.7K 804 22
                                    

အပိုင်း (၆)
🌳သစ်ပင်ခြောက်ပင်🌳

အဲ့ညက ရှင်းလျဲ့ သက်သောင့်သက်သာ အိပ်လို့ရအောင် ငါ ဆိုဖာပေါ်မှာ သွားအိပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

"ကုတင်ပေါ်မှာ နေရာလွတ်ကျန်ပါသေးတယ်.. မင်း ကြိုက်တဲ့နေရာမှာသာ အိပ်ပါ"

ရှင်းလျဲ့က ခဏခဏ လျှော်လွန်းလို့ အရောင်မှိန်နေတဲ့ မီးခိုးရောင် ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ထားတယ်။ ပြီးတော့ သူ့စောင်ကို မပြီးတော့ ငါ့ကို ချီပြီး ကုတင်ပေါ် ပစ်ချလိုက်တယ်။

ရှင်းလျဲ့က ကုတင်ထောင့်နားမှာ ထိုင်ပြီး ငါ့ကို ပြောရော။

"ငါ အဆင်ပြေပါတယ်.. ဘယ်လိုဖြစ်ဖြစ် အိပ်လို့ရတယ်.. အဲ့လောက်ကြီး နုရွမနေဘူး.. မင်း တခြားလူတစ်ယောက်နဲ့ တစ်ကုတင်တည်း အိပ်တတ်တယ်မလား?"

ငါလည်း စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခေါင်းခါပြတယ်။ ပြီးတော့ ခေါင်းညိတ်ပြလိုက်တယ်။

ရှင်းလျဲ့က ပြုံးပြုံးလေးနဲ့ မေးတယ်။

"ရက်စ်လား.. နိုးလား? ကုတင်ထောင့်စွန်းနားမှာ အိပ်မလို့လား? ပြုတ်ကျမှာ မကြောက်ဘူးလား?"

"ကျွန်တော် အရင်က ဘယ်သူနဲ့မှ မအိပ်ဖူးဘူး"

ပြီးတော့ ငါ ရှင်းလျဲ့နား ကပ်သွားလိုက်တယ်။

"ဒါပေမယ့် အစ်ကိုနဲ့တော့ အိပ်လို့ရပါတယ်"

"ဒီအိပ်ယာက (၁.၈)မီတာ ကျယ်တဲ့ နှစ်ယောက်အိပ်ကုတင်ပဲ.. ငါတို့ နှစ်ယောက်တည်းဆို အေးဆေး ဆံ့ပါတယ်"

ရှင်းလျဲ့က ကုတင်ခေါင်းရင်းကို မှီပြီး ဖုန်းသုံးနေတယ်။

"အိပ်တော့"

ငါလည်း စပ်စုချင်တော့ မေးလိုက်ရော။

"နှစ်ယောက်အိပ်ကုတင်ဆိုတော့ လူနှစ်ယောက် အိပ်ရတာလား?"

ရှင်းလျဲ့က ဖုန်းသုံးနေရင်းနဲ့ 'အင်း'ဆိုပြီး​ ရင်ခေါင်းသံနဲ့ ဖြေလိုက်တယ်။

"အစ်ကိုက တစ်ယောက်တည်း နေတဲ့ဟာကို.. ဘာလို့ နှစ်ယောက်အိပ်ကုတင်မှာ အိပ်ချင်ရတာလဲ?"

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now