17 [Z]

1.3K 137 1
                                    

အပိုင်း (၁၇)
🌳သစ်ပင်ဆယ့်ခုနစ်ပင်🌳

အဲ့ညက ဆေးရုံပြန်ရောက်တော့ ရှင်းလျဲ့က နိုးတောင်နိုးနေပြီ။ သူ့ကုတင်ဘေးမှာ လူတွေကြပ်ပိတ်သိပ်နေတာပဲ။ ကြမ်းပြင်တစ်ခုလုံး သစ်သီးဝလံတွေ၊ လက်ဆောင်ခြင်းတောင်းတွေနဲ့ ပြည့်နေရော။

ကင်မရာကြီးနဲ့ မှတ်တမ်းတင်နေတဲ့လူက ရှိသေးတယ်။ လူအုပ်ကြားထဲ ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက်၊ ဟိုဟာရိုက်လိုက်၊ ဒီဟာရိုက်လိုက်။

ငါလည်း အခန်းအပြင်မှာ ထိုင်စောင့်ပြီး သူတို့ဘာတွေပြောနေကြလဲဆိုတာကို တိတ်တိတ်လေး နားထောင်နေလိုက်တယ်။

ရှင်းလျဲ့က အခင်းဖြစ်တဲ့နေရာမှာ ကောင်မလေးတစ်ယောက်ကို ကယ်လိုက်တာတဲ့။ အဲ့ကောင်မလေးအပေါ် တိုင်ကြီးလဲကျလာတာကိုတောင် ဝင်ကာပေးလိုက်သေးတယ်ဆိုပဲ။

ဒီအဖြစ်အပျက်ကြီးက သတင်းမှာတောင် ပါနေပြီ။ ပြီးတော့ ရှင်းလျဲ့ကယ်လိုက်တဲ့ ကောင်မလေးက အရမ်းလှတယ်တဲ့။

ချောင်ဟန်ပြောပြထားတာကတော့ ရှင်းလျဲ့ကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေက တော်တော်ပြင်းတယ်တဲ့။ အဲ့အပူလောင်ဒဏ်ရာတွေကသာ ဟိုကောင်မလေးကိုယ်ပေါ်မှာဖြစ်ရင် တော်တော်သနားစရာကောင်းမှာနော်။

တစ်နာရီကျော်ကျော်လောက်ကြာပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူနာစောင့်တစ်အုပ်ကြီးကလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြပြီ။ ငါလည်း နံရံကို မှီရပ်လိုက်တယ်။ ရုတ်တရက်ကြီး သူနာပြုက ငါ့ကို လာပြောတယ်။ ရှင်းလျဲ့က ငါ့ကို ခေါ်နေတယ်ဆိုပြီး။

ငါလည်း ဖုန်းကို ဘေးမှာ အလျင်စလို ချထားလိုက်ပြီး အခန်းထဲ ခြေလှမ်းအကျဲကြီးတွေနဲ့ ဝင်သွားတယ်။ ရှင်းလျဲ့နံဘေးက စုံတွဲတစ်တွဲကလည်း ပြန်ကြတော့မလို့ နှုတ်ဆက်နေကြပြီ။

ရှင်းလျဲ့ကယ်ခဲ့တဲ့ကောင်မလေးကိုလည်း တွေ့သေးတယ်။ သူ(မ)မျက်လုံးတွေက ငိုထားရလို့ နီရဲတွတ်နေတာပဲ။ သူ(မ)ပြန်ခါနီးကျတော့ ရှင်းလျဲ့ရဲ့လက်ချောင်းကို သွားဆုပ်ကိုင်နေလိုက်သေးတယ်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now