part (1)

6.4K 74 1
                                    

ချစ်မိသည်မှ...လွဲ၍

အခန်း (၁)

ဆရာ (သို့) ကျမ သဘောကျမိသော ထိုလူသား

ယောက်ျားတစ်ယောက်ကို တစ်ဖက်သတ် သဘောကျ မိသော မိန်းမတစ်ယောက်အတွက် အတက်နိုင်ဆုံးသော လုပ်နိုင်ခွင့် တစ်ခု ရှိသည်။ ထို အရာ မှာ မျှော်လင့်ခွင့် တစ်ခုသာ ဖြစ်သည်။ မိမိ၏ သဘောကျမှုကို ထိုသူ သိရှိလာစေရန် ကြိုးစားအားထုတ် ရာတင် အဆင့်အတန်းရှိရှိဖြင့် သိက္ခာ ကိုထိန်းသိမ်းကာ မြောင်းဖောက် ခြင်း အတက်ကိုလဲ ကျမ ဖို့ တက်မြောက်ဖို့ လိုအပ်သေးသည်။

နောက်ပြီး ကျမတို့ ပတ်ဝန်းကျင်တွင် မိန်းမတစ်ယောက်၏ တန်ဖိုး ကို မျိုသိပ်နိုင်စွမ်း ၊ ထိန်းချုပ်နိုင်စွမ်း စသော နည်းနည်းလေးမှ လူမှု နေထိုင်ရေး အတွက်  အသုံးမဝင်သော ခပ်ပိန်းပိန်းအတွေးအခေါ် မျာဖြင့် တိုင်းတာတက်သည့် အသိုင်းအဝိုင်းအချို့ လည်း ယခုတိုင်  ခေါင်းမာစွာ ရပ်တည်လျက် ရှိနေကြသေးသည်။

လူတစ်ယောက်ဟာ လူတစ်ယောက်ကို သဘောကျခွင့် ရှိသည်။ ထို အချက်ကို ကျမတို့ အားလုံးလက်ခံကြသည်။ မိမိ သဘောကျသော ယောက်ျား (သို့)မိန်းမ ကို မိမိအား ပြန်လည် သဘောကျစေရန် ကြိုးစားခွင့် ကျမတို့တွင် ရှိသည်။ ထို အရာတွင် စတင် သဘောထား ကွဲလွဲတော့သည်။

ယောက်ျား တစ်ယောက်က သူ သဘောကျသော မိန်းမတစ်ယောက်ကို ထိုမိန်းကလေးအား အနှောင့်အယှက် မဖြစ်လျှင် မည်သည့် နည်း ကို မဆို သုံး၍ မိမိအား ပြန်လည် သဘောကျ စောရန် ကြိုးစားခွင့် ရှိသည်။ဒီ နေရာ မှာ ဘယ်လောက် အထိ များ ထို ယောက်ျား မှာ မျှော်လင့်ချက် အခွင့် အရေး ရှိသလဲ ဆိုရင် "မင်း ကို ချစ်တယ် လို့ ပြောတာဟာ ကိုယ့်ကို ပြန်ချစ်ပါ လို ပြောတာနဲ့ အတူတူ ဘဲ" လို့ ဆိုစရာ မလို အောင်ကို ထိုယောက်ျား မှာ မျှော်လင့် ခွင့် ရှိသည်။

သို့သော် မိန်းမ တစ်ယောက်ဟာ ယောက်ျား တစ်ယောက် ကို သဘောကျ မိသော အခါမှာတော့ မိန်းမ များမှာ ထို သို့ အခွင့်ထူး ရရှိဖို့ ကို အသာထား မိမိသဘောကျသော ယောက်ျားကို မိမိ သဘောကျ နေကြောင်း သိစေ ရန် ပြသရာ ၌တွင်ပင် ကျမတို့ကို ချုပ်ကိုင်ထားသော ယဉ်ကျေးမှု ဆိုင်ရာ စည်းကမ်း မြောက်မြားစွာလည်း ရှိသေးသည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now