Part 11

949 31 0
                                    

ချစ်မိသည်မှ လွဲ၍..
အပိုင်း (၁၁)

သူ့ရဲ့ စိုရွှဲနေတဲ့ ဆံပင်တွေကို သပတ် တစ်ထည်နဲ့ သုတ်ပေးဖြစ်တယ်။ နွေးနွေးထွေးထွေး ဖြစ်မဲ့ အဝတ်တွေ ထုတ်ပြီး လဲဝတ် ခိုင်း တော့လည်း သူက ဘာဆို ဘာမှ ပြန်မပြောဘဲ ခိုင်းသမျှ ကို လိမ္မာ တဲ့ ကလေးတစ်ယောက်လို နာခံ နေပြန်တယ်။

တစ်ခုခု စားခိုင်းပြီး ဆေးတိုက်တော့လည်း မငြင်းဆန် ပါဘူး။ တစ်ခုခု အမှားအယွင်း လုပ်မိတာနဲ့ စွန့်ပစ်ခံရတော့မဲ့ ကလေး တစ်ယောက်လို အားငယ်ရိပ် ဆင်နေတဲ့ မျက်လုံး လေးတွေနဲ့ ကျွန်မ စေခိုင်းသမျှ မငြိုငြင် ဘဲ နာခံနေတဲ့ ကောင်ဆိုးလေး ကို သနားတဲ့ စိတ်က နှလုံးသားထဲ မှာ အလုံးအရင်း နဲ့ကို တည်ရှိလာနေတယ် ဆိုတာ ကျွန်မ ခံစားလာရတယ်။

အိပ်ရာပေါ် ပက်လက် ကလေး လှဲစေပြီး စောင်လေးကို သူ့ ရင်ဘက်ပေါ်ထိ လွှမ်းခြုံ ပေးလိုက်ပေမဲ့ မျက်လုံးလေး ဝိုင်းပြီး ကျွန်မ မျက်နှာကိုဘဲ လိုက်ငေးကြည့်နေပါတယ်။ သူ့ နံဘေး ကုတင် ပေါ်မှာ တဇောင်း ဝင်ထိုင်လိုက်ရင်း သူ့ ခေါင်း စပ်က ဆံပင်လေးတွေကို သပ်ပေးနေလိုက်တယ်။

"အိပ်လိုက်နော်.... နိုးလာရင် သက်သာသွားလိမ့်မယ်"

"မ..က ပြန်တော့မှာလား..ဟင်"

နွမ်းလျလျ၊ ခပ်ယဲ့ယဲ့ အသံကလေး နဲ့ သူက မေးတယ်။

"အင်း...မင်း အိပ်သွားတော့ မှပေါ့.."

."ဒါဆို... ကျွန်တော် ...အိပ်ပျော်မှ ပြန်နော်"

အသာ ခေါင်းညိတ်ပြီး ပြုံးပြလိုက်တော့ ... သူက ကျွန်မ လက်တစ်ဖက်ကို ဆွဲယူကာ သူ့ ရင်ဘက် ပေါ် တင်လိုက်ပြီး သူ့ လက်နဲ့ ဆုပ်ကိုင်ထားခဲ့ပါတယ်။

အဲဒီနေ့က သူ့ အသက်ရှူ သံကလေး ပုံမှန်ဖြစ်သွားပြီး အိပ်ပျော်သွားတာ သေချာပြီ ဆိုမှ ကျွန်မ ပြန်ဖြစ်ခဲ့ပါတယ်။ ခပ် တင်းတင်း ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို သူ မနိုးအောင် ဖြေးညင်းစွာ ကြိုးစားပမ်းစား ဖြေယူ ခဲ့ရပါသေးတယ်။
အဲဒီည က သူ့ အတွက် စိတ်ပူနေ တာမို့ တစ်ညလုံး အိပ်လို့ မပျော်ခဲ့ပါဘူး။

မနက် ကျတော့လည်း နေ့တစ်ဝက် ရုံး တက် ရတာမို့ သူ့ဆီ ကို မရောက်ဖြစ်တော့ဘူး။ နောက်တစ်ခုက ကျွန်မ လုံးဝ မေ့နေခဲ့သော မာမီ နဲ့ မောင်လေး ရဲ့ ဘုရားဖူး ခရီးစဉ် ကြောင့် လည်း ဖြစ် တယ်။ မာမီ့ ကို ဗုဒ္ဓ ဂါယာ ကို ဘုရားဖူး ခရီး ပို့ပေးဖို့ ကျွန်မ ကိုယ်တိုင် ရှေ့လ ထဲကစီစဉ် ခဲ့တာ ဖြစ်ပေမဲ့ ဒီလထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ ပြသာနာတွေ ကြောင့် လုံးဝ မေ့နေခဲ့တယ်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now