Part 19

777 35 0
                                    

ချစ်မိသည်မှလွှဲ၍
အပိုင်း 19

Finance report တစ်စောင် ကိုအသေအချာ စစ်ဆေး sign ထိုး အပြီး 6နာရီ ခွဲ  ကို ညွှန်ပြ နေသော နာရီ ဆီ အကြည့် ရောက်သွား သော အခါ ကျွန်မ မျက်ခုံး များ အလိုမကျ စွာ တွန့်ချိုး သွား မိသည် ထင်သည်။ မောင် က melia hotel တွင် ကျင်းပ သော အစိုးရ ၏ business meeting တစ်ခု ကို တက်ရောက် ရမည် ကိုပင် ကျွန်မ ကို သူနှင့်အတူ လိုက်ပါ စေ ရန် ဂျီ ကျ ခဲ့ သေးသည် ကို ပြန်လည် သတိရ ကာ ပြုံးမိသည်။

နေလည် 11 နာရီ ကတည်း က စတင်ခဲ့သော အစည်းအဝေး ဟာ ညနေ 6နာရီ ခွဲ သည် အထိ မပြီး သေး သည်မှာ အနည်းငယ် ထူးဆန်း နေခဲ့ သည်။

နေ့လည် 11 နာရီ မထိုးခင် ထဲက company ကနေ ထွက်သွား ခဲ့သည့် မောင်ဟာ 6:00နာရီ ဆို တာ နောက် အကျဆုံး ကျွန်မ ဆီ ပြန်ရောက်လာ ရပေမည်။

မောင့် အကျင့် အတိုင်း ဆို ကျွန်မ မပါဘဲ  သူတစ်ယောက်ထဲ အိမ်ပြန်ဖို့ ဆို တာ ဘယ်လို မှ မဖြစ်နိုင်သည် ဖြစ်ရာ အခုမှ မောင့်အတွက် ကျွန်မ တစ်စတစ်စ စိုးရိမ် ပူပန် လာမိသည်။

ထို့ အတွက် ထုံးစံ အတိုင်း မောင်ဆီ ph ခေါ် ကြည့်မိသည်။ အတော်ကြာ ph ဝင်သည့် တိုင် မောင်က ph မကိုင်ပါ။ တစ်ကြိမ်..... နှစ်ကြိမ်..... သုံးကြိမ် မြောက် ဆက် ခေါ် ကြည့်ပေမဲ့ ph က ခေါ် မရ ။ မောင့် ဆီ ဆက်မရသည့်အဆုံး ဖြူသန့် ဆီ ph ခေါ်လိုက်သည်။

" ဟုတ်ကဲ့ မမ "

"ဖြူသန့် ရေ မင်းတို့ CEO ရော...."

"ရှင်...ဟုတ်...မမ CEO ph call တစ်ခု လက်ခံ ပြီး အလျင်စလို ထွက်သွား တယ် ဖြူသန့် ကိုလည်း Melia ကနေ ပြန်ခိုင်း တာ ညနေ 4နာရီ လောက်ထဲ က ပဲ မမ"

"ဟုတ်လား ...အင်း မမ ဆက်သွယ်တာ မင်းတို့ CEO ph မကိုင်တာ နဲ့ စိတ်ပူလို့... okလေ  ဟုတ်ပီ အဲလိုဆို ဖြူသန့် လည်း နားလိုက်အုံး"

"ဟုတ်ကဲ့ မမ "

မောင့် အတွင်းရေမှူး ကောင်မလေး နှင့် content ရပြီး မှ မောင့် အပေါ် ကျွန်မ ရဲ့ စိုးရိမ်မှု degree မှာ ပို၍ပို၍ မြင့်တက် လာ မိတယ်

မောင် ရေ ဘယ်မှာ လည်း ......
ဘာ များ ဖြစ် နေ လဲ .....

မောင့် ဆီ ကို မနားတမ်း ဆက်တိုက် ph ဆက်ခေါ် နေလိုက် မိသည်မှာ ခေါ်ဆိုမှု အကြိမ်အရေအတွက် ကို ပင် မမှတ်သား နိုင်တော့ ချေ။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now