Part 23

897 32 0
                                    

ချစ်မိသည်မှ လွှဲ၍
အပိုင်း (23)

လူတစ်ယောက် ကို စောင့်ရသည့် အလုပ် ကို သူမ ဘယ်တုံးက မှ စိတ်မရှည်တတ်ခဲ့၊ အချိန် ကို မလေးစား သည့် လူ များကို သူမ အလွန် မုန်းပါသည်။သို့သော် ယခု စောင့် နေသည့် လူ မှာ မောင့် အတွက် အလွန်အရေးပါ သည့် လူ မို့ သာ သူမ ထိုမျှ ပင် စိတ် ရှည် ထား ရခြင်း ဖြစ်သည်။

ထိုနေ့ က မောင် နှင့် တွေ့ ခဲ့ သည့် အကြောင်း၊ စုဒါလီ ကချက်ခြင်း ph ဆက် ပြော ခဲ့လေသည်။ ခက်ခက်ခဲခဲ ရယူ ထား ခဲ့ရသော မောင် နှင့် ပြေလည်မှု ကလေး ဟာ ကာလ တစ်ခု တောင် မကြာ ခဲ့။

သူမ ဟာ အတော့် ကို ကံဆိုး သူ တစ်ယောက် ဖြစ်လို့ နေသည်။ သူမဘဝ မှာ အကြောင်းခြင်းရာ များစွာဟာ အဘယ်အကြောင်းကြောင့် ထိုမျှလောက် အထိ တိုက်ဆိုင်စွာ လွဲ ချော် နေ ရသည် ကို သူမ ကိုယ်တိုင်ပင် စဥ်းစားခြင်းငှာ မတက်နိုင်တော့။

ထို့ ကြောင့် ဖြစ်သမျှ ကို ဖြစ်နေသည့် အတိုင်းလက်ခံ ဖို့ သာ ကြိုးစား နေလိုက်ပါသည်။ခက်တာတော့ အတော်ကို ခက်ခဲ့ပါသည်။

မောင် က သူမ နှင့်ပင် မျက်နှာချင်း မဆိုင်သည် က များသည်၊ မျက်နှာချင်း ဆိုင် စကားပြောဖို့ ဝေယျာဝစ္စ လုပ်ပေးဖို့ သူမ ကြိုးစား လျှင်လည်း သူမ ပြောသမျှ သူမ လုပ်ပေးသမျှ ကို ကလန်ကဆန် ဆန့်ကျင်လျက် အေးစက် တင်းမာ စွာဖြင့် တုံ့ပြန်တာကြောင့် တစ်ရက်မှ စိတ်မချမ်းသာ ၊ နေ့တိုင်း လိုလို သူ့ သူငယ်ချင်း တွေ နှင့် အရက်သောက် နေပြီး မူးကွဲ နေကာ ညဥ့် အတော်နက်မှသာ တစ်ယောက် ယောက် က အိမ်အထိ တွဲခေါ် ပေး ရသည်မှာ လည်းထုံးစံ ဖြစ်နေ တော့သည်။

ထို့ထက် ဆိုးသည် မှာ တစ်ခါခါ မိန်းကလေး တွေ ကို ပင် ခေါ်လာတက် သေးသည်။ ထို မိန်းကလေး များ နှင့် တီတီတာတာ၊ တယုတယ သူမ မမြင်မြင်အောင် မောင်က  ဆက်ဆံ ပြ တက် သေးသည်။ထိုသို့သော အခါ များ တွင် သူမ ဟာ အသည်းပေါက် မတက် စို့နစ် နာကျင်ရလေသည်။ ကွယ်ရာ မှာ တိတ်တိတ်ကလေး မျက်ရည် ကျငိုကြွေး ခဲ့ ရသည်မှာလည်း အကြိမ်ကြိမ်ပင်။

ထို မိန်းကလေး များ က သူမ ရှိ နေ သော အခါများတွင် ခပ်ရို့ရို့ ဖြစ်သွား လျှင်ပင် မောင်က 'ကိစ္စ မရှိဘူး၊ သူ့ ကို ဂရုစိုက်စရာ မလို ဘူး ' ဆို တာမျိုး၊ 'သူမ လို တာ သူ မဟုတ်ဘူး၊ သူ ဘယ်လို နေနေ သူမ စိတ်မဝင်စားဘူး၊ သူမ စိတ်ဝင်စား တာ သူ့ ပိုင်ဆိုင်တာ တွေ ၊ သူမ နေချင်တာ တွေ နဲ့ ဘဲ နေ ပစေ 'ထို ကဲ့ သို့ အဓိပ္ပာယ် သက်ရောက်သည့် စကား များ ကို မောင်က သူ့ ခေါ်လာ သည့် မိန်းကလေး တွေ ကို ပြောပြ တက်လေသည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now