Part 10

1K 38 0
                                    

ချစ်မိသည်မှ လွဲ၍.. ..

အပိုင်း (၁၀)

တစ်ပတ်လုံး ဆရာရဲ့ ဆက်သွယ်မှု တွေ တောင်းပန်တိုးလျို့ မှု တွေကို ကျွန်မ လျစ်လျူရှု ခဲ့တယ်။

ရုံးမှာ လဲ စကား အစ မခံသလို ph နဲ့ လည်း ဆက်သွယ်မခံတာကြောင့် ဆရာ အိမ်ရှေ့ ကို လာစောင့် နေခဲ့ ပေမဲ့ ကျွန်မ လုံးဝ ထွက်မတွေ့ ဘဲ ဥပက္ခာ ပြု နိုင်ခဲ့ပါတယ်။

သက်မိုးနှင်း က ဆုံးဖြတ်ချက် တစ်ခု ကို ချ ပြီး တဲ့ အခါ ဘယ်တော့မှ နောက်ပြန်လှည့် မကြည့်တတ်ဘူး ဆိုတာ ဆရာ နားလည်စ ပြု လာတော့ ဆရာ ရဲ့ ဆက်သွယ်မှု တွေဟာ အနည်းငယ် ပြတ်တောင်းစ ပြု လာပါတယ်။

ခဏ ခဏ ph မခေါ် တော့ဘဲ တောင်းပန်တဲ့ message ဘဲ ပို့တာမျိုး ကျေးဇူးပြု ပြီး ခွင့်လွှတ် ပေးပါ  ဆိုတဲ့ message မျိုး ကို ဘဲ မနက်တစ်ခါ ညတစ်ခါ ပို့ တာမျိုး ကိုသာ ဆရာ မပြတ်မကွက် အားထုတ်ပါတော့တယ်။

ဆရာ နဲ့ ပတ်သပ် ပြီး ထိခိုက် ခံစားရသော်လည်း မဖြစ်နိုင်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဦးနှောက်က ချလိုက်တဲ့ အချိန်က စပြီး ဘယ်တော့မှ လှည့်မကြည့်တော့ဖို့ ကိုယ့်ကိုယ်ကို သေချာ နေခဲ့ပါပြီ။

ဒီနေ့ တော့ ဘုန်းထက်ရှား ကို ပေးထားတဲ့ ကတိ အတိုင်း စနေနေ့ ကို ခွင့်ယူပြီး မနက် ၆ နာရီ လောက် အိပ်ရာထပြီး ပြင်ဆင်ရပါတယ်။

သူနဲ့ အပြင်သွားမှာမို့ တည်တည်တံ့တံ့ ပုံစံ တမင် ဖြစ်အောင် မြန်မာ ဝတ်စုံ ကိုဘဲ ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဘဲခေါင်း သဏ္ဌာန် အရိပ်လေးတွေပါတဲ့ အဖြူ ရောင် ထိုင်းပိုး ကို လက်ပြတ် ခါးတိ ချုပ်ထားတာ မို့ အင်္ကျီလေးဟာ ခန္ဓာကိုယ် ပေါ်မှာ ကပ်ကပ်ရပ်ရပ် ရှိနေခဲ့ပါတယ်။ ၃လွှာ ဖိ စကပ် ထဘီ လေးဟာ ကျွန်မ ရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် ပေါ် မှာ ယဉ်ယဉ် လေး ရှိနေခဲ့တယ်။

ခါးလောက်ရှိတဲ့ အနက်ရောင် ဆံပင် ခွေလိမ်လိမ်လေးတွေကို  ဘေးတစ်ဖက်ဆီမှာ အနည်းငယ်ဆီ ယူလိုက်ပြီး နောက်နားဆီမှာ ကျောက်ကလစ်သေးသေးလေးနဲ့ ရိုးရိုးလေး ညှပ်လိုက်တယ်။

မနက်စောစော ကားရှင်းတာမို့ ၇ နာရီ အတိမှာ ကွန်ဒို ကို ကျွန်မ ရောက်သွားတယ်။ ရောက်တာနဲ့ ပါကင်မှာ အဆင်သင့် ဆင်းစောင့်နေတဲ့ ဘုန်းထက်ရှား ကို တွေ့ရတယ်။ ဒါပေမဲ့ သူ့ပုံစံက အနည်းငယ် ထူးဆန်းနေတယ်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now