Part 9

1K 39 0
                                    

ချစ်မိသည်မှ လွဲ၍....

အပိုင်း ( ၉ )

Power ပိတ် သွားပြီ ဖြစ်သော ph ကို အားသွင်း လိုက်ရင်း ခဏ လောက် အကြာမှာ ဖွင့်ကြည့် လိုက်တော့ မျှော်လင့်ထားပြီး ဖြစ်သော ဆရာ့ missed call များကို တွေ့ရသည်။

အကြိမ် 20 လောက် ရှိ သော ဆရာ့ missed call များကို ကြည့်ရင်း ဆရာ့ အပေါ် အားနာစိတ် ဖြစ်ရသည်။ တစ်ည လုံး ခေါ် ထားခဲ့တာ ဖြစ်ပြီး message တွေ ပို့ထားတာကို တွေ့ရလေသည်။

"နှင်း... ဘယ်မှာလဲ။ ချက်ခြင်း ph ပြန် ဆက်ပါ"

"နှင်း... မင်း ဘာလို့ ပဲခူးဆိုက် ကို သွားစစ်ရမယ်လို့ မင်း အိမ်ကို ညာတာလဲ။ ပဲခူးဆိုက် ကို သွားစစ်ဖို့မှ မလိုတော့တာ... မင်း ဘယ်တွေရောက် နေတာလဲ... ဘယ်သူနဲ့ ရှိနေတာလဲ...ဘာတွေ လျှောက်လုပ်နေတာလဲ"

"မင်း... ဘယ်မှာလဲ... ဘာလို့ ကိုယ့် ph ကို မကိုင်တာလဲ"

"နှင်း... မင်း ph ပိတ်လိုက်တာ ဘာအဓိပ္ပါယ်လဲ... ကို နားမလည်တော့ဘူး"

ဟင်... ဆရာ ကျွန်မ အိမ်ကို ph ဆက် လိုက်တာလား။ ဒုက္ခ ဘာဘဲ... မာမီ ကျွန်မ လိမ် လိုက်တာကို သိသွားပြီလား။ ကိစ္စ တွေက ဘာလို့ အရမ်း ရှုပ်ကုန်တာလဲ... ထိုခဏ အတွင်း မှာ မွန်းကြပ် မှုကို ကျွန်မ ခံစားလိုက်ရတယ်။

ဘာတွေလဲ... ဘာလို့ အချိန် မပေးကြတာလဲ... ကျွန်မ ဘဝ ကို ကျွန်မ မပိုင်တော့ဘူးလား...ကျွန်မ စိတ်နဲ့ ကျွန်မ တစ်ရက်လောက်တောင် စိတ်တိုင်းကျ နေချင်သလို နေလို့ မရတော့ဘူးလား။

ဘာတွေ က မှားယွင်းကုန်တာလဲ...?

စိတ်ပျက်လက်ပျက် နဲ့ ဆိုဖာ ပေါ် အရုပ်ကြိုးပတ် ထိုင်ချ လိုက်တဲ့ ကျွန်မ ကို doll က 'ဘာ တွေ ဖြစ်ပြန်ပြီလဲ' ဆိုတာကို မျက်လုံး နဲ့ လှမ်းမေး တယ်။ မနေ့က ဖြစ်ပျက်သမျှ အကြောင်း အရာတွေ အားလုံး dolly ကို ပြောပြ ပြီး ဖြစ်တာမို့ ထိုသို့ မေးခြင်း ဖြစ်သည်။

" အကုန် ရှုပ်ကုန်ပြီဟာ... ဆရာ ငါ့ကို ph ဆက်မရတာနဲ့ အိမ်ကို ဆက်တယ် ထင်တယ်။ ငါ ပဲခူး ဆိုက် စစ်ရမယ် လို့ မာမီ့ ကို ပြောထားတာ။ နောက်... ဆရာ လည်း ph တွေ အများကြီး ခေါ် ထားတယ်။ ph က ညကထဲက အားမသွင်း ဖြစ်တော့ power ပိတ်သွားတာကို ငါ ပိတ်လိုက်တာလို့ ဆရာ ထင် သွားတယ် ထင်တယ်"

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now