Part 24

952 35 1
                                    

ချစ်မိသည်မှလွှဲ၍
အပိုင်း (24)

'သက်ထားစံ'တဲ့
အဲဒီ မိန်းကလေး နဲ့ မောင် အခု ရက်ပိုင်း အမြဲ လိုလို ရှိနေတက်တယ်။ အရင် ကတော့ တစ်ယောက်ပြီး တစ်ယောက် ခေါ် လာ တက် ပေမဲ့ အခု ဒီ မိန်းကလေး နှင့် အတူ ရှိ နေ သည်မှာ မကြာမကြာ ပင် ဖြစ်လေသည်။

မောင် ထို မိန်းကလေး အပေါ်  တိမ်းညွှတ် ယစ် မူး သွား မှာ ကိုပင် သူမ ကြောက် လို့ လာ မိသည်။

ထို မိန်းကလေး နှင့် မှ မောင် အလုပ် ကိုလည်း ပုံမှန် ပြန်သွား သည်၊ ထို မိန်းကလေး နှင့် ပူးပေါင်းကာဆေးရုံ တစ်ရုံ ကို ဖက်စပ် တည်ထောင် ကြ မည့် သဘော ပင် ကြား နေ ရလေသည်။

လုပ်ငန်း ပါတနာ ဆက်ဆံ ရေး ကို ကျော်လွန်ကာ ထိုမိန်းကလေး ရဲ့ မျက်လုံး အကြည့် များ မှာ မောင့် အပေါ် ပိုင်စိုး ပိုင်နယ် နိုင်လှ လေသည်။

သူမ သက်သေ ကိစ္စ သွားတွေ့ ပြီ ပြန်လာသည့် နေ့က ဆို မောင် နှင့် ထိုမိန်းကလေး ကို အတူ ထိုင်လျက် ပင် ဧည့်ခန်းဆိုဖာ မှာ တွေ့ ရ ခြင်း ဖြစ်လေသည်။

သူမ အနည်းငယ် အံသြော သွားခဲ့ ရသည်။ အခါတိုင်း မောင့် ပတ်ဝန်းကျင် မှာ မိန်းကလေး တွေ ရှိ နေသည့် အချိန် ဟာ မောင် မူးနေ သည့် အချိန် ဖြစ်သည်။ ခု လို အကောင်း အတိုင်း တွေ့ ဖူး သည်မှာ ဒါ ပထမဆုံး အကြိမ် ဖြစ်လေသည်။

သူမ က မောင်နှင့် ထိုမိန်းကလေး ကို မသိမသာ အကဲခတ် ပြီး အပေါ် တက်ရန် လှေကား ဆီ သွား နေစဥ် မောင့် ဆီက စကားသံ ထွက်လာသည်။

"ဒီမှာ....ထား နဲ့ ကျုပ် အတွက် ကော်ဖီ ဖျော် ပေး စမ်းပါ "

အေးတိ အေးစက် နှင့် ပြတ်သား သည့် အသံ ရှရှ နှင့် မောင် က စေခိုင်း လာ ခဲ့သည်။

ဘာကြောင့် မှန်း မသိ ထို စကား အကြား မှာ သူမ ခပ်မဲ့မဲ့ ပြုံးမိသွား သည်။ရင်နာစွာ... မချိစွာ ... ကြေကွဲစွာ ၊ နောက်ခိုင်း အနေအထား မို့ မောင် က တော့ မမြင် လောက်ပါ။

"အယ်....နေပါ ဘုန်း ရဲ့၊ အားနာ စရာကြီး"

"ဘာ အားနာ စရာ ရှိလို့ လဲ ထား ရဲ့ မင်းက ကိုယ့် ရဲ့ အထူးဧည့်သည် ဘဲ "

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now