part (5)

1.1K 37 0
                                    

သူ ကျွန်မ ကို ဒီတစ်ခါ ဒုက္ခ ပေးပုံက တကယ်ကို ပညာသားပါ သည်။ သူ ဖြစ်စေချင် သလို ကျွန်မ ကို ထိထိရောက်ရောက် အနှောက်အယှက် ပေးနိုင်သည်။ Volume ကို အမြင့်ဆုံးထားပြီး game ဆော့နေခြင်း ဖြစ် သည်။ဘာသံတွေမှန်း မသိဘဲ မိန်းမတစ်ယောက်ရဲ့ အသံကို တစ်ခါ တစ်ခါကြားနေရသည်။နောက် တစ်ခါ ယောကျ်ား​လေးသံများ၊ မိန်းကလေး အသံများစုံလင် စွာ ကြားနေရသည်။

"ဟေ့ကောင် သူရ မင်း ဟိုဘက် turrent ကို ထိန်းထား"
"ငါ လိပ်သတ်မယ်"
"ငါ့ကို ကာ ပစ်ပေး"
"မီးမီး တို့ကို ကူးပေးလိုက်အုံး"
"ဟား...ဟား triple kill ကွ"
"ဟိုဘက်က alucard ကြမ်းတယ်။ alucard ကို အရင်ဖြုတ်"

သူတို့ စကားတွေကြား ကျွန်မ ဘယ်လိုမှ အလုပ် ဆက်လုပ်၍ မရတော့။

"ဘုန်း.. ထက်ရှား"

ကျွန်မ ဒေါသ ကိုထိန်းကာ သူ့ကို အော်လိုက်ပေမဲ့ သူက ကြားဟန်ပင် မပြ။

"ဟိတ်ကောင် Tank က ကာပေးလေ... shitt ကား မောင်းတော့... ငါ့ကိုပါ ခေါ် "

"Enemy missing"

"Enemy missing"

"What the fuck! king ကို kill နေပြီ"

"ဘုန်း..ထက်..ရှား"

ကျမ ဘယ်လိုမှ သည်းမခံနိုင်တော့ သူ ဒါတော့ တရား သိပ်လွန်သွားပြီ။
သူက တမင်ကို ခြေနှစ်ဖက် ကို ဆန့်ကာ ချိတ်လိုက်ပြီး ရှေ့က စားပွဲပေါ် တင် လိုက်သေးသည်။ ဆိုဖာ ကို သူ့ အိပ်ခန်းထဲရောက်နေသလို မှီထားပြီး သက်သောင့်သက်သာ ထိုင်နေလိုက်သေးသည်။
ကျွန်မ စိတ်မထိန်းနိုင်တော့ဘဲ သူ့ အနားကို ထသွားလိုက်ပြီး သူ့ ph ကို ဆွဲယူ ကာ ပိတ်ပစ်လိုက်သည်။
သူက ထို့သို့ လုပ်မည် ထင်မထားသောကြောင့် ပထမ ကြောင်အ ကာ မော့ကြည့်နေသေးသည်။
ပြီးမှ ဝုန်းခနဲ ခုန်ထလာပြီး ph ကိုဒေါသတကြီး ဆွဲလုသည်။

"ဘာလုပ်တာလဲ ခင်ဗျား"

ထို စကားကို သူက ph ကိုပြန်ဖွင့်ကာ ပြောသည်။ကျွန်မ က internet ပါ ပိတ်ပစ်ပြီး game ထဲကပါ ထွက်လိုက်သောကြောင့် သူက ပိုကာ ဒေါသ ထွက်သွားဟန် တူသည်။
Ph ကို နံရံ မှာ ပေါက်ခွဲ ပစ်လိုက်ပြီး ကျွန်မ ပုခုံး ကို သူ့ လက်နှစ်ဖက်နှင့် ကိုင်ကာ ဆောင့်တွန်းလိုက်လေသည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now