Part 22

917 32 0
                                    

ချစ်မိသည်မှလွဲ၍
အပိုင်း (22)

ခါးအောက်ပိုင်း တစ်ခုလုံး ဆီ မှ အသည်းခိုက်မတက် အောင့်မျက် နာကျင် မှုကြောင့် လူ က ပျော့ခွေ နွမ်းလျ နေသည်ဖြစ်ရာ တစ်နေကုန် နေလို့ လည်းမကောင်း တာကြောင့် အိပ်ရာ ထဲ မှာသာ လှဲလျောင်း နေမိသည်။

မောင် တစ်ယောက် စိတ် တိုင်းကျ ဆန္ဒ ဖြေလျော့ နိုင်ဖို့ သူမ တစ်ခွန်း မှ မတားမြစ် ဘဲ လွှတ်ထား ပေး ခဲ့ ခြင်း ဖြစ်သည်။

အိမ်ထောင် ကျ ပြီးချိန် မှ စ၍ အတူ နေခဲ့သည့်  များစွာ သော အကြိမ်တိုင်း မောင်ဟာ ဘယ်တော့ မှ သူ့ ဆန္ဒ ကို ရှေ့တမ်း မတင် သူမ ဆန္ဒ ကိုသာ ဦးစားပေး ငဲ့ညှာ ခဲ့ သူဖြစ်ရာ ဒီ တစ်ကြိမ် လောက် ဆိုးရွားစွာ မခံစားဖူးခဲ့ချေ။

ဒီ တစ်ကြိမ်ကတော့ တကယ် ကို သူမ ခန္ဓာကိုယ် နှင့် အသိ စိတ် ကင်းကွာလု စဲစဲပင် ဖြစ်ခဲ့ ရသည်။ ထိုမျှ လောက်ထိကို မောင် ဟာ ထင်တိုင်း ကြဲခဲ့ တာလည်း ဖြစ်သည်။

သို့သော် သူမ ဆန္ဒ ရှိ ခဲ့ သလို မောင် သူမ အပေါ် စိတ်ဆိုးပြေ ခဲ့ သည့် အတွက် တော့ အတော်ကလေး ကျေနပ် ဝမ်းသာ ရလေသည်။

မောင် က သူ့ တစ်ယောက် ထဲ ကို ရွေးချယ် ပေး ဖို့ တောင်းဆို ခဲ့ သည်

ထို တောင်းဆို ချက် ကို သူမ အသေအချာ ပင်
နားလည် ခဲ့ သည်။ ထို့ ကြောင့် လည်း company နှင့် ပတ်သပ် ပြီး ဘာ ဆို ဘာမှ ဝင်မပါ တော့ မည့် အကြောင်း မောင့် ကို ကတိပေး ခဲ့သည်။

သို့သော် မောင် မသိအောင် ရှင်းဖို့ လိုသည့် ကိစ္စကလည်း ရှိနေပြန်ရာ နေမကောင်းသည့် တိုင် မနား နိုင်၊ စုဒါလီ ကို ဒေါ်မေထက်ခေါင် ကိုင်တွယ်ခဲ့ သည့် annual financial reports (နှစ်ချုပ်စာရင်း) များ ကို အိမ် ကို သာ လာပို့ ခိုင်း လိုက်ရတော့သည်။

မောင် ဆန္ဒ ရှိ နေသကဲ့သို့ company က နှုတ်ထွက်ပေး ဖို့ သူမ ကိုယ်တိုင်လည်း ဆန္ဒ ရှိနေခဲ့သည်။ တကယ်ဆို မောင် စတင် ပြော ခဲ့ သည့် အချိန် ကတည်းက သူမ တစ်ချက်မှ အထိအခိုက်မခံခဲ့ဖူးသည့် မာန များ က ခေါင်းထောင် လာခဲ့တာ ဖြစ်သည်။

သူမ ဖခင် ဟာ ရန်ကုန် တွင် နာမည်ကြားရုံ ဖြင့် သိနိုင်လောက်သည် အထိ နာမည်ကြီးသည့် အထူးကု ပါရဂူ တစ်ယောက် ဖြစ်သည်။ သို့သော် assistant ဆရာဝန်မ နှင့် ဖောက်ပြန်ကာ သူမ 12နှစ် မှာ ပင် အိမ်မှ အပြီး ထွက်သွား ခဲ့ သည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now