Part 16

898 28 0
                                    

ချစ်မိသည်မှ လွဲ၍

အပိုင်း ၁၆

ကျွန်မတို့ wedding ပြီး ဆုံးပြီး နောက်တစ်နေ့ မနက်မှာဘဲ အန်ကယ်က မောင့်ကို CEO အဖြစ် လွှဲအပ်ပေးခဲ့ပါတယ်။မောင့်မေမေ ပိုင်ဆိုင်ခဲ့တဲ့ ရှယ်ယာ တွေကိုလည်း မောင့်နာမည် နဲ့ တရားဝင်လွှဲပြောင်း ပေးခဲ့တယ်။

ကျွန်မ ကလည်း မောင့်ဇနီး ဖြစ်တာကြောင့် အလိုအလျောက် CFO နေရာကို ရောက်ရှိခဲ့ပါတယ်။ဒီလို မျိုး CFO နေရာ ရောက်လာရတဲ့ အတွက် ဂုဏ်ယူသလား လို့ မေးရင်တော့ လုံးဝ ကိုယ့်ကိုယ်ကို ဂုဏ်မယူနိုင်တဲ့ အကြောင်း ဖြေရမှာပါဘဲ။ ဒါဟာ ကျွန်မ အစွမ်း အစ မပါဘဲ ရောက်လာရတဲ့ နေရာ တစ်ခု လို့ သိစိတ်မှာရော မသိစိတ်မှာရော အတိအလင်း သတ်မှတ်ထားခဲ့လို့ပါဘဲ။

ဒါဆို ဘာလို့ ဒီနေရာ အတွက် မငြင်းဆန် ဘဲ လက်ခံခဲ့တာလည်း လို့ မေးလာခဲ့ရ လည်း ကျွန်မမှာ ဖြေစရာ အဖြေ အဆင်သင့် ရှိနေခဲ့ပါတယ်။

မောင့်အတွက်ပါ။ ကျွန်မသာ အဲဒီ နေရာမှာ ရှိမနေခဲ့ရင် မောင့် ကို ရက်ရက်စက်စက် အမဲဖျက် ဖို့ အဆင်သင့် ဖြစ်နေကြမဲ့ ဒေါ်မေထက်ခေါင် နဲ့ ရှယ်ယာရှင် အချို့ကြောင့် ဆိုတာ အန်ကယ် ဦးဘုန်းသွင် က သက်သေလုပ်ပေးနိုင် ပါလိမ့်မယ်။

CEO လွှဲပြောင်းခြင်း အခမ်းအနား ဟာ ဒီလို နဲ့ဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။ ရှယ်ယာ ရှင် အချို့ က မကျေနပ် ပေမဲ့လို့... BOD တွေ ရဲ့ ထောက်ခံချက်အရရော.. ရှယ်ယာ အများဆုံး ပိုင်ရှင် ဖြစ်တာကြောင့်ရော... အန်ကယ် ဦးဘုန်းသွင် ရဲ့ ဆန္ဒ အရရော...CEO နေရာ ရဖို့ ခိုင်မာ နေတဲ့  မောင့် ကို ကန့်ကွက်ဖို့ မတက်သာ ဘဲ အမှားထောက် ရမဲ့၊ ဝိုင်း အပြစ်ရှာ နိုင်မဲ့ အချိန်ကိုသာ စောင့်ဆိုင်း နေတဲ့ အနေအထား ဖြစ်တာကြောင့် ဒီ အချိန်ဟာ မောင့်အတွက် တစ်ချက်လောက်လေး အမှားလုပ်မိရင်တောင် အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်စေနိုင်တဲ့ အထိ အန္တာရာယ်များလှ တဲ့ အချိန် ဖြစ်ပြန်တယ်။

အရင်က CEO ရုံးခန်း နဲ့ CFO ရုံးခန်းက တစ်နေရာ စီ တစ်သီးတစ်သန့် ရှိပြီး မတူညီ တဲ့ တာဝန် တွေနဲ့ တစ်ကွဲ တစ်ပြား ဆီ ရှိပေမဲ့... သိကြတယ် မဟုတ်လား... မောင်ဘဲလေ။ တစ်ခြားလူမှ မဟုတ်တာ... အနှစ်နှစ် အလလ က ရှိလာခဲ့တဲ့ အနေအထားတွေ ဟာလဲ မောင့် လက်ထဲမှာ ကပြောင်းကပြန် ပါဘဲ။ စည်းမျဉ်း စည်းကမ်း ဆိုတာ မောင့်အတွက်တော့ လိုချင် တဲ့ အခါ လိုပြီး မလိုချင်တဲ့ အခါ ချက်ခြင်းကို မလိုအပ်တော့ တဲ့ အရာ ဖြစ်သွားတာ ပါဘဲ။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now