part 4

1.1K 36 0
                                    

Meeting room ထဲမှာ ဘယ်သူ့ကိုမှ မကြည့်ဘဲ ပျင်းရိသည့် ဟန်ဖြင့် ထိုင်ကာ ရှေ့တွင် ချထားသည့် ရေဗူး ကို လက်ညှိုးဖြင့် တောက် လိုက် လက်ခလယ် ကို သုံးပြီး ညှပ်လိုက် ဖြင့် လှုပ်ရမ်းဆော့ကစားနေသည့် ခပ်မဲ့မဲ့ ထီမထင် မျက်နှာ ပေး တမင်တကာ လုပ် ထားသော CEO ၏ သားငယ် ဘုန်းထက်ရှား ဆိုသူကို ကျွန်မ သေချာ ကြည့်ကာ အကဲခတ် နေမိသည်။
အကဲခတ်မိသလောက် လည်း ထို ကောင်လေး ရဲ့ ဘယ်နေရာ ကို မှ ကြည့်ရတာ အဆင်မပြေသလို မြင်ရတာ လဲ မျက်လုံး ထဲမှာ အချိုးမပြေချေ။

Company ကို ဝတ်စားလာသည့် ပုံ မှာ လည်း မြင်ရ သူကို အတော်လေး စိတ် ပျက် စေမည့် ပုံစံ မကျ သော fashion ကို တမင်တကာ  ရွေးချယ်လာ သလား ထင်ရစေသည်။ အနက်ရောင် မှာ စာတန်းများ ပါသော လည်ပိတ် hoodi နှင့် အောက်စည်း sport ဘောင်းဘီ ခဲရောင် ကို ဝတ်ဆင်ထား ပုံက အလုပ် ကို လာသည့်ပုံ နှင့် လားလား မှ မသက်ဆိုင် ဟု ကျွန်မ ထင်မိသည်။

ရှားညိုရောင် ဆံပင် ကို မျက်နှာရှေ့ သို့ ဒီတိုင်းသာ ချလိုက်ပြီး ခေါင်းတောင် ဖြီးခဲ့သည့် ပုံမပေါ်ချေ။
တကယ်ဆို ဒီလို ပုံစံဖြင့် အလုပ်ထဲကို မလာသင့်ဘူး ဆိုတာ လောက်တော့ သိထားသင့်သည် မဟုတ်လား။
သို့သော် ထို့ထက် အချိုးမပြေသည်က မျက်နှာ အချိုးအချိတ် ဖြစ်သည်။
ဘယ်သူ့ကိုမှ ဂရုမစိုက် သလို ဘာကိုမှ စိတ်မဝင်စားပုံ အရာရာ ကို ပေါ့ ပြတ်ပြတ် ဟန် တမင်တကာကို လုပ်ယူထားသည့် မျက်နှာ အမူအရာ ကို  ကျွန်မ တကယ်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် သာ ကြည့်နေမိသည်။

CEO က မိတ်ဆက်ပေးတော့လည်း မထချင်ထချင် ဖြင့် ထလာကာ ဘုန်းထက်ရှား ပါဟု ဝတ်ကျေ တန်းကျေ ပြောပြီး နဂို အတိုင်း ပြန်ထိုင်ပြန်သည်။
နောက် ကားသော့ ကို လက်ညှိုးဖြင့် လှည့်ကာ ဆော့လိုက် စားပွဲပေါ်  လက်တစ်ဖက်ထောက်ရင်းက နေ သူ့ရဲ့ နဖူးပေါ် တစ်ချောင်းချင်းကျနေသော ဆံပင်များကို တတိတိ ဆွဲကာ ဆော့လိုက် ဖြင့် ပြောသမျှ စိတ်မဝင်စားဟန် တမင် လုပ်ပြ နေသေးသည်။

ဒီတစ်ယောက် ကို တာဝန်ယူ သင်ပြ ဖို့ ဆိုတာ ကျမ အတွက် တကယ်ကို မလွယ်နိုင်ပါ။
ထို ကောင်လေးနှင့် ရှေ့ဆက်ရမဲ့ နေ့ရက် များကို ကြိုတွေးရင်း အခုထဲက မျက်ခုံးများကို တွန့်ချိုးမိရင်း သက်ပြင်း မော များ ချနေမိသည်။
CEO က ကျမ ကို အားကိုးသည့် အရိပ်ပါသော မျက်လုံး များဖြင့်  လှန်းကြည့်နေသည်။
ဆရာက အားပေးသည့် အပြုံး ဖြင့် ပြုံးပြလေသည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now