Part 14

915 34 0
                                    

ချစ်မိသည်မှ လွဲ၍...

အပိုင်း (၁၄)

ပထမ ပိုင်း

"အဆိပ်ရေ လောင်း တဲ့လား၊ ရာရာစစ ငါ့သားကို..."

ဒေါသတကြီး ရေရွတ်လိုက်ပြီး အံကို တင်းတင်းကြိတ် ထားတဲ့ အန်ကယ် ဦးဘုန်သွင် ရဲ့ မျက်လုံး ထဲမှာ ဒေါသ နဲ့ တစ်ဖျက်ဖျက် လတ် နေတာကို ကျွန်မ မြင်နေရပါတယ်။

"ဒီ မိန်းမ ရဲ့ ယုတ်မာ မှု တွေက သိပ် တရားလွန်နေပြီ"

အဲဒီ စကားကို ပြောပြီး တဲ့ နောက်မှာ တော့ အန်ကယ် ရဲ့ ဒေါသ မျက်လုံးတွေ ထဲမှာ စဉ်းစား တွေးတော နေတဲ့ အရိပ်အယောင် တွေ တစ်စ တစ်စ ဝင်ရောက် လာတာ  မြင်လိုက်ရတယ်။

"ကျွန်မ အနေနဲ့ ကတော့ အခုချိန်မှာ အန်ကယ် ထက်ရှားကို ဘယ်လို ကာကွယ်ပေးဖို့ စီစဉ်ထားလဲ သိချင်ပါတယ်။ ဖြစ်လာတော့မဲ့ ကိစ္စ တွေကို ဖြစ်လာမှ ဖြေရှင်းနည်း ရှာတာထက် တစ်ခုခု ကြိုစီစဉ် ထားဖို့ လိုအပ်တယ်လို့လည်း ကျွန်မ မြင်ပါတယ်"

မောင့် ဖေဖေ က ကျွန်မ ကို အားကိုးသည့် အရိပ်အယောင် ပါတဲ့ မျက်လုံးတွေနဲ့ ကြည့်ပါတယ်။ အဲဒီ အကြည့်တွေမှာ တစ်ခုခု ကို ဆုံးဖြတ်ထားပြီး တစ်ခုခု ပြောဖို့ ချင့်ချိန် နေတယ်လို့ ကျွန်မ ထင်မိတယ်။နောက်တော့ ပီပီပြင်ပြင် ဆုံးဖြတ်ချက် ချလိုက်သလို စကား ပြောလာပါတယ်။

"တကယ်တော့... အန်ကယ်မှာ စဉ်းစားထားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီ အစီအစဉ် တွေ အောင်မြင်ဖို့ အန်ကယ် သက်မိုးနှင်း အကူအညီကို လိုအပ်တယ်။ သမီး ကို အကူအညီ တွေ တောက်လျှောက် တောင်း နေရတဲ့ အတွက်လည်း အန်ကယ် သိပ်ကို အားနာမိတယ်။ ပြီးတော့ ထက်ရှား နဲ့ သမီး ရဲ့ အခြေအနေကို အန်ကယ် သိထား သလို ထွဍ်ခေါင် နဲ့ ပတ်သပ်မှုကိုလည်း သိသင့်သလောက် သိခဲ့ရတယ်။"

ကျွန်မ တုန်လှုပ်ခြင်းများစွာ နဲ့ မောင့်ဖေဖေကို မော့ကြည့်မိတယ်။ ဘုရား... ဘုရား တစ်ပြိုင်နက်တည်း သား နှစ်ယောက် စလုံး နဲ့ ပတ်သပ် နေတဲ့ မိန်းကလေး အပေါ် အန်ကယ် ဘယ်လို များ ထင်မြင်နေ မလဲ... အန်ကယ် ကို မဝံမရဲ ကြည့်တဲ့ အကြည့်တွေမှာ ရှက်ရွံ့ မှု တွေ သေချာပေါက် ပါ လိမ့်မယ် ဆိုတာ ကျွန်မ ခံစားမိနေပါတယ်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now