Part 8

959 36 0
                                    

ချစ်မိသည်မှ လွဲ၍...

အပိုင်း (၈)

နားထဲမှ စည်းချက်ကျကျ ဖြင့် ကြားနေရသော အသံကြောင့် လူက နိုးတစ်ဝက် မနိုး တစ်ဝက် ဖြင့် ယောင်ရမ်း နေသူတစ်ယောက်လို မျောလွင့်နေသည်။
သို့သော် ရပ်မသွားဘဲ ခမ်မှန်မှန်ဖြင့် အဆတ်မပြတ် ဆက်ကြားနေရသောအခါ မျောလွင့်နေသော စိတ်ဝိညဉ် သည် မူလ ခန္ဓာကိုယ် ရှိရာသို့ ရောက်ရှိသွာသလိုဖြင့် လက်ရှိ  အသိစိတ် နှင့် ကပ်သွားသည့်အခါ ကျွန်မ အိပ်ရာမှ နိုးလာခဲ့သည်။

နိုးလျှင် နိုးချင်း ပထမဆုံး ရရှိလိုက်သော ခံစားချက် မှာ ခေါင်းတွေ မတရား ထိုးကိုက်နေသည့် ခံစားချက် ဖြစ်သည်။
သို့နှင့် ကြားရသော အသံ မှာ တံခါး ဘဲလ် သံ ဖြစ်နေသောကြောင့် နားထင် ကို လက်ညှိုးဖြင့် ဖိနှိပ် ရင်း အိပ်ရာမှ လူးလဲ ထကာ တံခါး ပြေးဖွင့်ပေးလိုက်သည်။

"အမလေး မိန်းမ ရှင် တံခါး လာဖွင့်သေးတယ်နော်။ ငါက အထဲမှာ သေများ သေနေပြီလားလို့ ကျော်သူ့ ကိုများ ph ဆက်ရတော့ မလား စဉ်းစားနေတာ"

Dolly ၏ စိတ်ဆိုး၍ အငေါ ထူသော စကားကို ထုံးစံ အတိုင်း ဟီး ခနဲ တစ်ချက် ဖြဲ ပြ ပုခုံးက ဖက်ကာ အထဲ ဆွဲခေါ်ရင်း ပါးကို ရွတ် ခနဲ တစ်ချက် နမ်းပီး မျက်နှာချို သွေးရသည်။

"Sorry ပါ အချစ်ကလေးရယ် ညက အရှိန်ကြောင့် လူက လွတ်နေလို့ပါ။ လက်ထဲက ဘာတွေတုံး...."

Dolly က ပြောလဲပြော သူဘာသာ kitchen ထဲ ဝင်ပြီး ခွက် တစ်ခွက် ယူလိုက်ရင်း သူ ယူ လာသော သံပုရာ နံ့ဖြင့် မသောက်ရသေးဘဲ အနံ့ ရယုံဖြင့် လန်းဆန်း သွား သည့် အရည်များကို ခွက်ထဲ ထည့် နေသည်။

"ရော့...သောက်တော်မူ နင့်အတွက် အိမ်က မသဲ ကို ကျိုခိုင်းပြီး အအေးခံခိုင်းထားတဲ့ ပျားသံပုရာ နဲ့ ပျားရည် "

"Thanks အချစ်ကလေး... အို အေး စိမ့် ချို ချဉ် မွေး လေး.. ကောင်းလိုက်တာ ခေါင်းကိုက်နေတာ အတော်ဘဲ"

Dolly က မျက်စောင်းထိုးကာ သူမ ဝယ်လာသော coffee ခွက် ကို ဇိမ်ခံသောက်နေသည်။

"တကယ်... သိလား ငါ့အတွက် နင်ရှိတာ အမေ နောက်တစ်ယောက်ရသလိုဘဲ... ရှိတဲ့ အမေ တောင် မလို တော့ဘူးရယ်"

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now