Part 6

979 36 1
                                    


မနေ့ က တစ်နေကုန် စိတ်ရော လူရော ပင်ပန်း ထားသည် ဖြစ်ရာ အိမ်ရောက်တာနဲ့ ရေချိုး သန့်စင် ပြီး ထမင်း တောင် မစားနိုင်တော့ဘဲ အိပ်ပျော် သွားခဲ့သည်။
မနက် နိုး လာတော့ မှ ဆရာ ခေါ် ထားသည့် missed call များ ကို မြင်လိုက်ရပြီး စိတ်ထဲမှာ အနည်းငယ် ပူပန်သွားရသည်။
ဆရာ ခေါ်ထားသည်း call များ မှာ အလွန်များပြား သည် ဖြစ်ရာ ထိုသို့ လည်း အရင်က မဖြစ်ဖူးခဲ့ ခြင်း အတွက် ဆရာ့၏ ပူပန်နေမည့် စိတ်ကို ကျွန်မ ခံစားကြည့် မိရင် ဆရာ့အပေါ် အားနာသွား ရသည်။

Ph ပြန်ဆက်ဖို့ တွေးလိုက် မိသော်လည်း company ရောက်မှ လူချင်းတွေ့ ပြီး ရှင်းပြလိုက်တာ ပိုပြီး အဆင်ပြေနိုင်သည် ဟု တွေးလိုက်မိတာကြောင့် ph မဆက်တော့ဘဲ company ရောက်မှ တွေ့ မည့် အကြောင်း message သာ ပို့လိုက်သည်။

Company ကို အမြန်ရောက်ဖို့လည်း စိတ်စောနေခဲ့ သည်။
ဒါဟာ ဆရာ့ တစ်ယောက်ထဲ ကြောင့်လား။ ဒါမှ မဟုတ် တခြား ကျွန်မ မဝေခွဲချင် သည့် တစ်စုံတစ်ယောက် ကြောင့်လား ဆိုတာ တော့ ဆက်မတွေးတော့ ဘဲ လျစ်လျူရှု ထားလိုက်သည်။

"morning မမနှင်း"

"morning မမနှင်း"

"morning"

Team က staff ကလေး တွေက အမြဲ လုပ်နေကျ ဝတ္တာရား အရ ဝိုင်းနှုတ်ဆက် ကြတာ မို့ ပြန်နှုတ်ဆက်လိုက်သည်။ သို့သော် သူတို့ မျက်နှာများ က ထူးဆန်း နေသော ကြောင့် သေချာ အကဲခတ် မိသည်။
ပြုံးစိစိ နှင့် ကျွန်မ ရုံးခန်း ထဲ ကို တစ်ယောက်ပြီး တစ်ယောက် မျက်ရိပ် ပြ နေတာမို့ ဒါဟာ ဘုန်းထက်ရှား နဲ့ ပတ်သပ် နေတာကိုလည်း ကျွန်မ ချက်ခြင်း သိလိုက်သည်။
ကလေးတွေ ပြုံးစိစိ ဖြစ်နေကြတာ ကို ကြည့် ရင် ဆိုးဝါးသည့် အနေအထာ မဟုတ်နိုင်တာတွေးမိတာ ကြောင့် အနည်းငယ် စိတ်အေးသွားရသည်။
သို့ပါသော်လည်း ထိုအခြင်းအရာ ကို သိချင်လွန်းသည့် စိတ်ဖြင့် ရုံးခန်းထဲသို့ ခပ်မြန်မြန် လျှောက်သွားမိသည်။

"Morning"

ကျွန်မ ဝင် လိုက်လျှင် ဝင် ဝင်ခြင်း သူက ဆိုဖာ ပေါ်မှာ ထိုင် နေရာမှ ထလာကာ နှုတ်ဆက်ပါသည်။
ကျွန်မကတော့ သူရဲ့ မနေ့ကနဲ့ မတူတော့ဘဲ ပြောင်းလဲ သွားတဲ့ ဝတ်ဆင်ပုံကြောင့် ပထမ အံ့သြ တကြီး ငေးမိနေရာမှ နောက်တော့ နှစ်လိုစွာ ပြုံးလိုက်မိပါသည်။
သူ ပုံစံက သိပ် ကြီး formal ဆန်စွာ ဝတ်ဆင်ထား တာ မဟုတ် ဘဲ အဖြူ ရောင် စတစ် အင်္ကျီ လေးကို ကာကီရောင် Nobody ဂျင်း တစ်ထည်နှင့် တွဲဖက်ဝတ်ဆင်ထားတာ ဖြစ်ပြီး gucci shoes ဖိနပ် အဖြူ လေး စီးထားခြင်း သာ ဖြစ်သည်။
သို့သော် အဲဒီ ပုံလေးကဘဲ မျက်လုံးထဲ ထင်းနေကာ သားနားသပ်ရပ် ပြီး စတိုင် တစ်ခု ရှိနေသည်ဟု ကျွန်မ မြင်မိသည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now