Part 26

1.6K 39 1
                                    

ချစ်မိသည်မှလွဲ၍
အပိုင်း (26)

ဆေးရုံကား ရောက်သည်နှင့် ယောက်ယက်ခတ် ပူလောင်သည့် စိတ်များဖြင့် ကူကယ်ရာ ကို အားကိုးတကြီး တောင်းဆိုမိသည်။

"လုပ်ကြပါအုံး ဗျာ၊ ကျွန်တော့် မိန်းမ ကို ကယ်ပေး ကြပါအုံး၊ သူ အသက်မရှူ တော့ ဘူး။ ကျွန်တော် ... ကျွန်တော် သူ့ နှလုံးခုန် သံ ကို မကြား ရတော့ဘူး"

"ကယ်ပေး ကြပါ ... ကျေးဇူးပြုပြီး ကယ်ပေး ကြပါဗျာ"

ဆေးရုံကား နောက် က ရဲကား များပါ လိုက်ပါ လာခဲ့လေသည်။ ထူပူ နေသောစိတ် ဖြင့် ယောင်ယောင်အမှားမှား ဖြစ်နေသည့်သူ ဟာ မ ကို ကြုံး ဖက် ကာ အရူးတစ်ယောက်လို ငိုကြွေး မိနေပြီးမြင်သမျှ လူ ကို အကူအညီ တောင်းနေမိလေသည်။

သူ့ နှလုံးသား ဆီ က ပြည့်ကျပ် ပူလောင် မှု သည် သူ့ လက်ဖျား များ ဆီကူး ပြောင်း လာ သည့် အချိန်မှာ တော့ ဆန့်ကျင်ဘက် အေးစက် တင်းကျပ် လာလေသည်။

"ဟားးးးးး သေရမယ်၊ နင့် လို ဂြိုလ်ဆိုးကောင် အနား မှာ ရှိတဲ့ လူ တိုင်းသေရမယ်၊ နင့် အမေ ထက်ကေသီ ရော ၊ နင့် အဖေ ဘုန်းသွင် ရော၊ အခု နင့် မိန်းမ ရော၊ အားလုံး သေ ကြ ရလိမ့်မယ်၊ အဲဒါ နင့် ကြောင့် ၊ နင် မမွေးသင့် ဘဲ မွေး လား လို့၊ နင့် လို ဂြိုလ်ဆိုးကောင် ကြောင့်ဘဲ ....ဟားးးးးးး"

မ ကို ရက်ရက် စက်စက် ကား နဲ့ တိုက်ပစ် သည့် ဒေါ် မေထက်ခေါင် ကို မြင် နေရ သော်လည်း သူ ဟာ စိတ်ဝိဥာဥ် လွင့် ပျယ် နေ သူ တစ်ယောက်လို ငေး ကြောင်ကာ ကြည့်နေမိသည်။

အရူး တစ်ယောက်လို စကား တွေ တစ်တွတ်တွတ် ပြော ကာ ဟား တိုက် ရယ် မော နေ သည့် ဒေါ်မေထက်ခေါင် ကို ရဲ တွေ က လက်ထိပ်ခတ် ကာ ဆွဲခေါ် သွားကြလေသည်။

သူဟာ ခု ချိန်မှာ စိတ် နဲ့ ကိုယ် မကပ်၊
မ ကို ဆုံးရှုံးရမှာ ကြောက်သည့် စိတ် ဖြင့် ဘာ ကို မှ ပုံမှန် အတိုင်း မတွေးတောနိုင်။

"လူနာ နှလုံးခုန် ရပ်သွားပြီ၊ CPR လုပ် မှ ရမယ်"

"Blood pressure ထိုးကျ နေ ပြီ၊"

"သတိထား၊ နံရိုး ကျိုး ထား ရင် နှလုံး ကို သွား
ထောက် မိမယ်၊ body အနေအထား ကို အရင်ပြင်"

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now