Part 20

905 34 0
                                    

ချစ်မိသည်မှ လွှဲ၍
အပိုင်း 20

ဘာတွေ မှား သွား တာ လဲ။
မညီညာ ခြင်းရဲ့ အနားသတ် တွေ လို ။
မြတ်မြတ်နိုးနိုး ချစ် ရသူ နဲ့  စူးစူးနစ်နစ် မုန်း သွားတဲ့သူကြား မှာ ။
တုံးအ လွန်း တဲ့ ကိုယ် ဟာ ဒီလို နေ့ အတွက် ကြိုတင် ပြင်ဆင် မထား နိုင် ခဲ့ ပြန်ဘူး။

ပျော်ရွှင် စေချင် ခဲ့တာ ပါ ကလေးငယ်။
ကိုယ့်ကြောင့် ... တစ်ခြား မိန်းကလေး ကြောင့် ဘယ်သူ့ ကြောင့် ဘာရယ်ကြောင့် ဖြစ် ဖြစ် မင်း ကို တော့ ပျော် နေတာ ဘဲ မြင် ချင် ခဲ့ တာ ကျိန်ဆို ရဲ ခဲ့ပါတယ် ကောင်ငယ်လေး ရယ်။

ကိုယ့်တစ်ယောက်တည်းကြောင့် ဆို တဲ့ အတ္တ မျိုး နဲ့
ပိတ်လှောင် ပြီး မ မွန်းကြပ် စေချင် တဲ့ အထိ မြတ်နိုး ခဲ့ ရ တာ။ တကယ် ပါ ကိုယ့် အချစ် တွေ ဟာ မင်း အတွက် ပူလောင် စရာတွေ ခံပြင်း နာကျင် စရာ တွေ ဖြစ်လာ ရ တဲ့ အတွက်တော့ ကိုယ် တကယ် ဘဲ စိတ်မကောင်း ဖြစ်ရ ပါတယ် မောင် ရယ်။

တစ်ခဏ ဒေါသ နဲ့ မောင့် ကို ရွဲ့ ပြီး စကားလုံး တွေ နဲ့ ခနဲ့ မိ ခဲ့ တဲ့ ကိုယ် ဟာ သွေးအေး သွား ချိန် မှာ တော့ ဝမ်းနည်း စွာ နာတ ရ မိ ခဲ့ ပြန်တယ်။

ဘာလို့လဲ .... ဘာလို့ မောင့် ကို ပို နာကျင်အောင် အရေးမပါ တဲ့ စကားတွေ ပြောမိခဲ့ တာ လဲ။ သက်သေပြ ပါ ဆို company က နေ ထွက် လိုက်ပြီး သက်သေ ပြ လိုက် ရင် ရ ပါ ရဲ့ နဲ့။ မောင် မျှော်လင့် နေတာ ကို လည်း မြင်နေပါ ရဲ့ မောင် ရဲ့ နာကျင် မှု တွေ ကို လည်း မြင် နေရက် သား နဲ့ ဘာဖြစ်လို့  များ ရူးမိုက် မိခဲ့ တာလဲ။

မဟုတ်သေး ပါဘူး...နေစမ်းပါဦး။ ဒေါ် မေထက်ခေါင် က ဘာ လဲ။ ဒီလို အရေးမပါ တာ တွေ ကို တမင်တကာ ကို ခေါ်ထုတ် ပြောပြ တစ်စ စီ အစ ဆွဲ ထုတ် ပြီး မောင်နဲ့ ကျွန်မ ကြား ပြသာနာ တွေ ရှာ နေတဲ့ အကြောင်း အရင်း က ဘာများ ဖြစ်မလဲ။

အသုံးမကျ စွာ တုံးအ တဲ့ ခေါင်း ဟာ မိနစ် အနည်းငယ် အပြေးအလွှား စဥ်းစား ပြီး တဲ့ နောက် မီး လင်း သွား သလို အလင်း တစ်ခု ဝင်းလက် သွား တယ်။

ဘာများ ဖြစ် ရ အုံး မှာ လဲ။ မောင့် နဲ့ ကျွန်မ ကို ပြသာနာ မဖြစ် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီး နေတာ။ မောင့် ကို ကျွန်မ ရဲ့ လမ်းပြ မှု တွေ အောက်က လွှတ် ကင်း သွား စေချင်တာ။ မောင်နဲ့ ကျွန်မ ကို ပြသာနာ တွေ တက်ပြီး ခွါပြဲ သွား စေချင် တာ သူ ရဲ့ company ကို လက်ဝါးကြီး အုပ် ချင် တဲ့ လောဘကြောင့် က လွဲ ပြီး ဘာများ ရှိ အုံး မှာ လဲ။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now