Part 18

841 30 0
                                    

ချစ်မိသည်မှ လွဲ၍...

အပိုင်း 18

မောင့် ရဲ့ ဘယ် ဘက် ခြမ်း ထိပ်ဆုံး ထိုင်ခုံ မှာ ဆရာက ငြိမ်သက်စွာ ထိုင်လျက်ရှိတယ်။
ကျွန်မကတော့ ဆရာနဲ့မျက်နှာချင်ဆိုင်အနေအထားမှာ ထိုင်နေခဲ့ပြီး မတွေ့တာ   2လလောက်ကြာပေမဲ့ ဆရာ့ကို ရဲရဲမကြည့်ရဲ...

ဒါ့အပြင် ကျွန်မလက်ဝယ် ရောက်ရှိနေသော ပစ္စည်း များရဲ့ အဓိက သက်ဆိုင်သူ အဖြစ် ယူဆရသော ဆရာ့အမူအရာကို အကဲ‌ခတ်ကြည့်ချင်သည်

သို့သော် တချိန်တည်းမှာပင် ကျွန်မတို့ကို သေချာကြည့်နေမည်ဖြစ်သော မောင်တစ်ယောက် အထင်လွဲမှာကိုလည်း စိုးရိမ်မိသည်

ထိုအခါ ကျွန်မမှာ meeting roomထဲတွင် ရှိနေရသော်လည်း လက်ရှိဆွေးနွေးနေသော အကြောင်းအရာများထဲ၌ အပြည့်အဝ အာရုံမစိုက်နိုင် ဖြစ်ရသည်

မောင် CEO ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဆရာ တက်ရောက်သော အစည်းအဝေးဖြစ်၍လည်း သူတို့နှစ်ဦးကြား အားပြိုင်မှုများ ပွတ်တိုက်မှုများဖြစ်လာလျှင် ဆိုသော အတွေးများနှင့် မောင့်အတွက် စိတ်ပူပန်ရသည်

အဘယ်ကြောင့်ဆိုသော် ယခု BODအဖွဲ့များ အပေါ်တွင် ဆရာ၏ဩဇာလွှမ်းမိုးမှု မည်မျှရှိကြောင်းနှင့် အလုပ်နှင့်ပတ်သတ်လာလျှင် စေ့‌စပ်ပါးနပ်သော ဆရာ့ပုံသဏ္ဍာန်ကို သေချာသိနေသောကြောင့်ပင် ဖြစ်ရသည်

မောင့် က ဆရာ့ အထက် အမြင့် တစ်နေရာ မှာ ရှိ နေပေမဲ့ ကျွန်မ ရဲ့ စိတ်အစဉ် မှာ တော့ မောင့် ကို စိုးရိမ် နေမြဲ ပါဘဲ။ မောင် တစ်ခုခု အမှား လုပ်မိမှာ ကျွန်မ စိတ်ပူ မိတယ်။ မောင် ကျရှုံး မှာ မောင် ရှုံးနိမ့် သွား မှာကို ကျွန်မ စိတ်ပူတယ်။ မောင့် ရဲ့ အရှုံး ဟာ ကျွန်မ ရဲ့ အရှုံး အဖြစ် တိုက်ရိုက် အချိုး ကျ နေပြီး မောင့်ရဲ့ စိတ်ထိခိုက် နာကျင် ရ ခြင်း ဟာ ကျွန်မ အတွက် ငရဲ တစ်ခု ပါဘဲ။

ဖြစ်နိုင်ပါတယ်။ ကျွန်မ က မောင့် နဲ့ ပတ်သပ် ပြီး အတ္တ အင်မတန် ကြီး တာလည်း တကယ် ဖြစ်နေနိုင်ပါတယ်။ မောင် မထိခိုက်ရဖို့ ... မောင် မနာကျင်ရဖို့... နောက်ဆုံး မောင့် မျက်နှာကလေး မညှိုးငယ် နေစေဖို့ အဲဒီ လို မောင် နဲ့ ပတ်သပ်ပြီး အတ္တတွေ ကျွန်မ မှာ သိပ် များပြား ပါတယ်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now