Part 13

909 31 0
                                    

ချစ်မိသည်မှ လွဲ၍....

အပိုင်း (၁၃)

ကျွန်မ နဲ့ မောင် ရဲ့ ချစ်သူ ဘဝ ဆက်ဆံရေးမှာ လိုတာထက် ပိုကာ သည်းသည်းလှုပ် သည့် ဆက်ဆံရေး ဟု ကျွန်မ ထင်မိသည်။ မောင်က ကျွန်မ ကို လိုအပ်တာထက် ပိုပြီး တွယ်တာ တဲ့ အခါ ၊ ကလေး တစ်ယောက် လို လုံးဝ အပျောက်မခံဘဲ သူ့ အနားမှာ ဘဲ ရှိစေချင်တဲ့ အခါ၊ ဘာလုပ်လုပ် အတူတူ ၊ ဘယ်နေရာ သွားသွား အတူတူ၊ အမြဲ ပူးပူးကပ်ကပ် တစ်တွဲတွဲ ရှိနေဖို့ လိုလား မှု တွေ ကို တောင်းဆို ဂျီကျ လာတဲ့ အခါ ကျွန်မ အနည်းငယ် မွန်းကြပ် ရှုပ်ထွေးလာ ရပါတော့တယ်။

ကိုယ့်ထက် ၅ နှစ် လောက် အသက်ငယ်တဲ့ ယောက်ျား တစ်ယောက်ကို ချစ်သူ တော်ရတာ တကယ်ကို မလွယ်ပါဘူး။ ကျွန်မ က ကလေး မထိန်းတက်သလို၊ ချော့ရတာ၊ စိတ်ရှည်ရတာ၊ သည်းခံရတာ၊ အလိုလိုက်ရတာ၊ အလျော့ပေးရ တာ အဲဒီ လို ဘာသာရပ် တွေ မှာ လုံးဝ မကျွမ်းကျင် ဘူး ဆိုတာ ဝန်ခံ ရ ပါ အုံးမယ်။

(၂၇)နှစ် အရွယ် မိန်းမတစ်ယောက် ရဲ့ အတွေးအခေါ် နဲ့ (၂၂)နှစ် အရွယ် ယောက်ျား တစ်ယောက်(တစ်နည်းအားဖြင့် ကောင်ငယ်လေး တစ်ယောက်) ရဲ့ အတွေး အခေါ် ဟာ ဘယ်လိုမှ မတူညီ နိုင်ပါဘူး။

မောင် မှာက လည်း ယောက်ျား လေး တစ်ယောက် ဖြစ်တာမို့ ပုံမှန် ယောက်ျား ဆန် တဲ့ အတ္တ သေးသေးလေး တွေ ရှိ နေတက်ပါတယ်။

ပြီးတော့ ဘယ်လိုဘဲ ကောင်ငယ်လေး လို မှတ်ယူထားပါစေ သူကို လက်တွဲဖော် အဖြစ် ရွေးချယ်ထား တဲ့ ကျွန်မ ဟာ သူ့ အပေါ် ပြီးစလွယ် ဆက်ဆံ လို့ မရပြန်ဘူး။ နိုင် တယ် ဆိုရင်တောင် တစ်ချိန်မှာ အိမ်ထောင်ဦးစီး ဖြစ်လာမဲ့ မောင်ဟာ ကျွန်မ ဆီက လေးစားမှု ကို ရယူဖို့ အခွင့်အရေး ရှိတာကို ကျွန်မ မေ့ထားလို့ မရပြန်ပါဘူး။

ဒီတော့ ကလေးကို respect ပေးပြီး ထိန်းရတာဟာ သိပ်ခက်ပါတယ်။ ဥပမာ ကျွန်မ က ကျွန်မ တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လျှို့ဝှက်နိုင် သမျှ လျှို့ ဝှက် ချင်တဲ့ လူဖြစ်ပြီး မောင်က တော့ ပွင့်လင်းစွာ public ချပြချင်တဲ့ လူ ဖြစ်တယ်။

သူ့ phone screen မှာ ၊ Laptop screen မှာ၊ ပိုက်ဆံအိတ် မှာ နောက်ဆုံး ကားထဲမှာပါ ချက်ခြင်း couple ပုံတွေ ထားလိုက်တယ်။ နောက် ကျွန်မ ဆီ မှာ ပါ သူ့ သဘောနဲ့ သူ ထားပစ်လိုက်တယ်။ အဲဒါကတော့ ပြသာနာ မရှိပေမဲ့ Instagram မှာ facebook မှာ ပါ profile တွေ ချိန်း cover တွေ ချိန်း ပြီး public ကို show off လုပ်ဖို့ တောင်းဆိုလာတဲ့ အခါ ကျွန်မ တို့ နှစ်ယောက် သေးငယ်တဲ့ ရန်ပွဲ တစ်ခု ဖြစ်ရတော့တယ်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now