Part 17

920 33 0
                                    

ချစ်မိသည်မှ လွဲ၍...

အပိုင်း ၁၇

ပထမပိုင်း

နောင်တ ဆိုတဲ့ အရာကတော့ အမြဲလိုလို နောင်မှ ရတက်ကြတာပါဘဲ။ဒါပေမဲ့ နောင်တတွေက အသုံးမဝင်သလို မချိုမြိန်တက်ပါဘူး။တစ်ခါတစ်လေ အမြဲတစေ မှန်ကန်တယ်လို့ ကျွန်မတို့ ထင်ထားသမျှ အခြင်းအရာ များဟာလည်း တစ်ခါတစ်ရံ မှာ ပုံစံတကျ မှားယွင်းတက်ပါသေးတယ်။

တကယ်တမ်း ပြောရရင် မောင်နဲ့ ကျွန်မ ရဲ့ ဇာတ်လမ်း ဟာ အစမှာ ကတည်းက သေသပ်ကျနစွာ မှားယွင်းခဲ့ကြတယ်။အဲဒီ မှားယွင်း မှုကို ကျွန်မ သတိလည်း ပြုမိခဲ့ပါရဲ့၊ ရပ်တန့် ဖို့လည်း ကြိုးစားခဲ့ပါရဲ့၊ အမှန်ကို ရပ်လည်း ရပ်တန့်ချင်ခဲ့ပါရဲ့။ သို့ပေမဲ့ လို့ ခံစားချက်နဲ့ သက်ဆိုင်တဲ့ နှလုံးသားရဲ့ အမိန့်တွေဟာ ပြင်ချင်တိုင်း ပြင်ဆင်လို့ ၊ ရပ်တန့်ချင်းတိုင်း ရပ်တန့်လို့ ရကောင်းပါရဲ့လား။ကျွန်မ ကတော့ အသုံးမကျ ဘူးလို့ဘဲ ဆိုချင် ဆိုကြပါစေ မလွန်ဆန် နိုင်ခဲ့ရိုး အမှန်ပါဘဲ။

ဆရာ အပါအဝင် မောင် နဲ့ ကျွန်မ ရဲ့ ဒီ ပတ်သပ်မှုကြီးဟာ ဘယ်လိုမှ မထွေးနိုင် မအန်နိုင်တဲ့ အရှုပ်အထွေးကြီး တစ်ခုလိုဘဲ။အားလုံးထဲက အမိုက်မဲ ခဲ့ဆုံးကတော့ ကျွန်မပေါ့။ ကိုယ့်ကိုယ်ကိုယ် မိုက်မဲမှန်းလည်း သိခဲ့ပါတယ်။ အဲဒီ အမှား အပေါ် ဖြစ်တည်လာတဲ့ နောက်ဆက်တွဲ ရလဒ် တိုင်းကိုလည်း ကျေကျေနပ်နပ် လက်ခံဖို့ ပြင်ဆင်ထားခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ဘာဆို ဘာမှ မသိခဲ့သလို ပြင်ဆင်ခွင့်လည်း မရှိခဲ့တဲ့ မောင့် ရဲ့ နာကျင်မှု တွေကို မြင်လာရတဲ့ အချိန်မှာတော့ ရင်ထဲမှာ ဆို့နစ် နာကျင် ရင်း အတိုင်းအဆ မဲ့အောင် တုန်လှုပ် ခြောက်ချားလာရပါတော့တယ်။

မောင် တောင်းဆို ခဲ့သလို ပန်းစည်း ပို့လာသူမှာ ဆရာဖြစ်ပြီး ဆရာနဲ့ ကျွန်မ ရဲ့ ပတ်သပ် ဆက်နွယ်ခဲ့မှု အစစ်အမှန်ကို မောင့်ကို ပြောပြလိုက်ပါပြီတဲ့ မောင် အေးအေးချမ်းချမ်း နဲ့ ဒါဟာ ပြီးခဲ့တဲ့ အတိတ်ရယ်ပါလို့ အသာတကြည်(ဘယ်လို စိတ်နှောက်အယှက်မှ မဖြစ်ဘဲ၊ ဘာမှ နာကျင် မခံစားရပါဘဲ)လက်ခံနိုင်မတဲ့လား။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now