Part 15

912 25 0
                                    

ချစ်မိသည်မှ လွဲ၍...

အပိုင်း ၁၅

မောင် နဲ့ ကျွန်မ ရဲ့ စေ့စပ်လက်ထက် ပွဲ ကလေး က တောင် ပတ်ပတ်လယ် ဝန်းရံထား တဲ့ အင်းလေး ရေပြင် ကြီး မှာ ဘဲ ခမ်းနား ကြီးကျယ် စွာ ကျင်းပ ဖြစ်ခဲ့ပါတယ်။ အင်းလေး ရဲ့ အလှဆုံး အခမ်းနားဆုံး ဟော် တယ်ဖြစ်တဲ့ sofitel မှာ ကျွန်မ တို့ လက်ထပ်ပွဲ ကို မောင်ကသူ့ စိတ်ကူးထဲက အတိုင်း စီစဉ်ခဲ့တယ်။

ကျွန်မ ဆန္ဒ အရ ဆိုရင် တော့ လက်ထပ်ပွဲ အတွက် အခုလောက် အကုန်အကျ ခံ နေမှာ မဟုတ်ဘဲ တော်ရုံတန်ရုံ ပွဲ တစ်ခု ကို အထိမ်းအမှတ် ဖြစ်ရုံ သာ စီစဉ် ဖြစ်မှာ ဖြစ်ပြီး ကျန်တာကို လိုအပ်တဲ့ နေရာ တွေမှာ မင်္ဂလာ ဦး အလှူ အဖြစ် လှူဒါန်း ဖြစ်မှာပါ။

မောင်က တော့ အစအဆုံး သူ စိတ်ကူးထား သလို၊ သူ့ သဘောကျ ပြင်ဆင်ပါတော့တယ်။

မော်ကွန်းတင် လက်မှတ်ထိုးပွဲ၊ စေ့စပ်လက်ထပ်ပွဲ၊ dinner party ၃ ပွဲလောက် ခွဲပြီး မောင်က စီစဉ်ပါတယ်။ event management နဲ့ ပွဲ စီစဉ်တာက အစ၊ designer တွေ နဲ့ အဝတ်အစားတွေ စီစဉ်တာ၊ documentary ရိုက်ဖို့ နေရာ တွေ ရွေးတာ အဆုံး မောင်က သူ့ စိတ်တိုင်းကျစီစဉ် ပါတယ်။

"မ...ဘာလုပ်ချင်သေးလဲဟင်" လို့  ဂရုတစိုက် မေး တဲ့ အခါ ဘေးလူ တွေ က ကျွန်မ ကို အားကျ တဲ့ အကြည့် တွေ နဲ့ ကြည့်ကြတယ်။ "မမ သတို့သား က မမ ကို တော်တော် တန်ဖိုးထား တယ်နော် ချစ်လိုက်တာလဲ ထားစရာနေရာကို မရှိဘူး" ဆိုတဲ့ အဓိပ္ပါယ်ဆင်ဆင် စကားတွေ ကို ကြားရတိုင်း ကျွန်မ ကျေနပ်စွာ ပြုံးပြုံးလေး ခေါင်းညိမ့် ပြ မိတယ်။ အဲဒီ လို အချိန် မျိုး မှာ တစ်ကမ္ဘာလုံး ကို တစ်ယောက်ထဲ ပိုင်ဆိုင်ထားရသလို ပြီး ပြည့်စုံ မှုကို ခံစားရတယ်။

မောင်က ရွန်းရွန်းစားစား စိုက်ကြည့် တဲ့ အချိန်တိုင်း မောင့်မျက်လုံးထဲက နူးညံ့ ကြင်နာ မှု တွေ ဟာ ကျွန်မ ဆီ ဖိတ်လျှံ ကျ လာသလို ခံစားရပြီး တစ်သိမ်သိမ့် ကြည်နူး ရစေတယ်။ ချစ်တယ် ဆိုတဲ့ စကား ကို တိုးတိတ် စွာ ပြောသည့်တိုင် မောင့် ရဲ့ အသံ မှာ အားတစ်ခု ပါပြီး တည်ကြည် လေးနက် နေတက် တာမို့ မောင့်ဆီက ချစ်တယ် ဆိုတဲ့ စကားကို ကြားရတိုင်း ကျွန်မ ကို အပြည့်အဝ လုံခြုံ သွား သလို ခံစားရ စေတယ်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now