Part 21

935 35 0
                                    

ချစ်မိသည်မှလွှဲ၍
အပိုင်း (၂၁) 🔞🔞🔞

ဒီ အပိုင်း ကစပြီး ကာရိုက်တာ နှစ်ဖက် စလုံး မှ ခံစား ရေးသားပါ့မယ်။

စိတ်ရှိ သလောက် လောင်းထည့် နေတဲ့ အရက်တွေ ကလည်း နှလုံးသား ရဲ့ နာကျင်မှု ကို မေ့ပျောက်အောင် မစွမ်းဆောင်နိုင်ခဲ့။

ပြသာနာ တွေ ဖြစ် ပြီး နောက် သူမ ရှိရာ ကွန်ဒို မှ ဒေါသ တကြီး ကားမောင်းထွက်လာခဲ့ သည်။ ဖြစ်ပေါ်နေသော ဝမ်းနည်းစိတ်ကို မထိန်း နိုင်စွာ ဦးတည်ရာမဲ့ ကားမောင်း နေမိ တာ အချိန် အတော် ကြာ ပြီးနောက် အနီး တွင် မြင်လိုက် ရသည့် bar တစ်ခု ဆီ ဝင်ကာ အရက်သောက် မိနေခြင်း ဖြစ်သည်။

သူမ တစ်ယောက် ထဲ ကိုဘဲ ကိုယ့် ရဲ့ ရှိ ရှိ သမျှ အရာအားလုံးကို ပုံအပ်ခဲ့သည်။ ကိုယ့် အတွက် ပထမဆုံး ရပ်တည်ပေးခဲ့သူ၊ တစ်လောကလုံး က ကျောခိုင်း သွားသည့် တိုင် ကိုယ့် အတွက် ရပ်တည်ပေးမဲ့ ကိုယ့်ဘက်က ရှိနေပေးမဲ့ တစ်ယောက်ထဲ သော သူ အဖြစ် ယုံကြည်ခဲ့ မိသည်။

မည်သူ တစ်ဦး တစ်ယောက် မှ ကိုယ် ဘက် မှာ ရှိ မနေသည့် တိုင် သူမ တစ်ယောက် ထဲ ရှိပေးယုံ နှင့် ပြည့်စုံနိုင် သည် အထိ သူမ အပေါ် အကြွင်းမဲ့ ယုံကြည်ခဲ့ သည်။

ကိုယ်က ကိုယ့် ရဲ့ ရှင်သန်ခြင်း မှာ တောင် သူမ မရှိ လျှင်မဖြစ်တော့ တဲ့ အထိ သူမ ကို ကိုးကွယ်ခဲ့မိသည်။ ကိုယ် က အဲသလောက်ထိ သူ မှ သူ ဖြစ် ခဲ့ သလောက် သူ့ အတွက် အရေး ပါ ဆုံး ဆို တဲ့ အရာ ဟာ ကိုယ် မဟုတ် ခဲ့။

ဒီထက်ဆိုး တာ က သူမ ကတော့ ကိုယ့် ကို လိုသလို သွေးအေးအေး နှင့် အသုံးချ ရက်ခဲ့ သည်။ သူမ လို ချင် တဲ့ နေရာ ရဖို့ ပိုင်ဆိုင်မှု တွေ ရဖို့ စနစ်တကျ အကွက်ချကာ သူ့ ကို ရွေးချယ်ခဲ့ သည်။

ဒါကြောင့်လည်း company မှာ သူ အလုပ်သင် ဝင်ခဲ့ တဲ့ အချိန် ဘယ်သူမှ ကူညီ သင်ပြ မပေး ချင်ခဲ့ တဲ့ သူ့ကို ဒီလို အကြံနဲ့ လက်ခံ ခဲ့ ခြင်းသာ ဖြစ်လိမ့်မည်။

တစ်ရိပ်ရိပ် တွေး မှ တစ်ရေးရေး ပေါ် လာခဲ့ သည်မှာ သူနဲ့ RS (relationship)ကိုတောင် public ကို ထုတ်မပြ ဖို့ အသည်းအသန် ငြင်းဆန် ခဲ့ တဲ့ သူမ ဟာ RS သက်တမ်း ဘယ်လောက်မှတောင် မကြာ ဘဲ သူ့ ကို လက်ထပ် ခဲ့တာ ကရော ဒီ အကြံ တွေ အတွက် သာ ဖြစ်နိုင်ပေသည်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now