Part 12

956 35 0
                                    

ချစ်မိသည်မှ လွဲ၍...

အပိုင်း (၁၂)

မနက်ခင်း ရဲ့  နိုးတစ်ဝက် မနိုးတစ်ဝက် ခံစားချက်ရဲ့ နောက်မှာ မရင်းနှီးပါသော အနံ့ အသက် အပြင်အဆင် နဲ့ အထိအတွေ့ တွေကြောင့် ရုတ်တရက် စိတ်လေးလံသလို ခံစားရလေသည်။

မှောင်မိုက်နေပြီး လာဗင်ဒါနံ့ သင်းပြန့်ပြန့် လေးရနေတဲ့ အခန်းကျယ် ကြီး ထဲမှာ တုပ်နှောင်ထားသော ခပ်တင်းတင်း တစ်စုံတစ်ရာ ကြောင့် အသက်ရှူ ကျပ်သလို ခံစားလာရသလား...

မရင်းနှီးသော ထို အခြေအနေ ကို နားလည်ဖို့ memory ကို recall ပြန်ခေါ် လိုက်တော့ မှ ညက မောင်နဲ့ အတူ မောင့် အခန်းမှာ အိပ်နေခဲ့တာ ဘဲ။

ဒါဆို အခု ဒါက မောင့် ရင်ခွင်ပေါ့။
မောင် ရင်ခွင် ထဲမှာ အိပ်စက်နေခဲ့တာဘဲ...

အနည်းငယ် လှုပ်ရှားလိုက်တော့ မောင်က ပက်လက် အနေအထား ဖြစ်သွားတာမို့ ကျွန်မ ကို သိုင်းဖက်ထားရာက လွတ် ထွက် သွားသည်။

နောက်တော့ မောင့်မျက်နှာ လေး ကို အနီးကပ် မြင်နေရသောကြောင့် တစိမ့်စိမ့် ငေးနေလိုက်သည်။

စည်းချက်ကျကျ လှိုက်ဖို နေတဲ့ ရင်ဘက်လေးရယ်... ပုံမှန်ကြား ​နေတဲ့ အသက်ရှူ သံ ကလေးရယ်... အေးချမ်း စွာ အိပ်စက် နေပုံ လေးက အင်မတန် ကြည့်လို့ ကောင်းသည်။

မောင် အိပ်နေတာလေးက အေးချမ်းလိုက်တာ....

ခုတော့ အိပ်ရမှာ ကြောက်တယ်လို့ ပြောဖူးတဲ့ ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျ နေပြန်တယ်။

မောင့်ကို ငေးမောနေရင်းကဘဲ ကျွန်မ လက်ချောင်းလေးတွေက ကိုယ်တိုင် တောင် မသိ လိုက်ပါဘဲ အမှတ်တမဲ့ မောင့်ရဲ့ မှေးမှိတ် ထားတဲ့ မျက်လုံးလေးကို ကျော်လွန်ပြီး မျက်ခုံး ထင်းထင်းလေး ကို အသာ တို့ထိ နေမိတယ်။

အဲဒီနောက် ပြည့်တင့်နေတဲ့ ပါးပြင်လေး ဆီ.. နောက်တော့ စေ့ရုံလေးစေ့ ထားတဲ့ နီရဲရဲ နှုတ်ခမ်း စုစု လေးရဲ့ ဟိုဘက် သည်ဘက် အစွန်းနှစ်ဖက်ကို အပြန်အလှန် ဖွဖွလေး ထိကိုင် ရင်း အဆုံးသတ်မိတယ်။

ညက ဒီ နှုတ်ခမ်းလေးတွေ ရဲ့ အနမ်းကို ပထမဆုံး ခံခဲ့ရတာ မလား။ သိပ်ကို ချိုမြိန်း တဲ့ အနမ်း တွေကို ဖန်တီး နိုင်စွမ်း ရှိတဲ့ ဒီ နှုတ်ခမ်းစုစု လေးက ကျွန်မ အပြင် ဘယ်နှစ်ယောက်ကို နမ်းဖူး ခဲ့ မှာပါလိမ့်။

ချစ်မိသည်မှ လွဲ၍ Where stories live. Discover now