Unicode
Dope Company .....
ကျွန်တော်ရဲ့ကျေးဇူးရှင် ကုမ္ပဏီ
ပြီးတော့ ကျွန်တော်ဆိုတဲ့ Bodyguard လေး
Kim Tae hyung သိပ်ချစ်ရတဲ့ Boss
Jung Ho seok ရဲ့ကုမ္ပဏီ.........ဒေါက် ဒေါက်
" Boss ကျွန်တော်၀င်ခဲ့မယ်နော် "
မနေ့ကတစ်နေ့လုံး စာရင်းတွေစစ်နေတဲ့ boss ဟာ
အခုထိ ရုံးခန်းထဲက မထွက်သေးတာမလို့ အခန်းတံခါးကို
ခေါက်လို့ ၀င်သွားမိသည်။ ထင်တဲ့အတိုင်း
Chair ပေါ်မှာထိုင်ကာ အိပ်ပျော်နေတဲ့ boss ကြောင့်
ခြုံပေးစရာတစ်ခုခုရှာမိသော်လဲ အခန်းထဲမှာဘာမှမရှိ။ထို့ကြောင့်၀တ်ထားတဲ့ coat ကိုအသာချွတ်ရင်း
အိပ်ပျော်နေတဲ့ boss အသေးလေးကို လွှားခြုံပေးလိုက်သည်။ သို့သော်လဲ အအိပ်ဆတ်တဲ့
Boss ကချက်ချင်းဆိုသလို နိုးလာလေသည်။
ခြုံပေးထားတဲ့ coat ကိုအပေါ်ကိုပိုလို့ဆွဲယူရင်း မျက်လုံးလေးကမပွင့်တပွင့်နဲ့ လှုတ်ခပ်နေသည်။"အင်း မိုးတောင်လင်းသွားပြီလား "
တစ်နေ့လုံး ထိုင်ခုံပေါ်မှာထိုင်ကာ အလုပ်လုပ်ရပြီး
အိပ်ပျော်သွားသည့်အတွက် ညောင်းညာနေတဲ့ ဂုတ်ပိုးတွေကို
တစ်ကျွတ်ကျွတ်မြည်အောင် ဖြေလျှော့ရင်း မေးလာသည်။"ဟုတ်ကဲ့ boss မနက်လဲလင်းနေပြီဆိုတော့
အိမ်ပြန်ပြီး နားတော့မလား ""အင်းးးး ပြန်ကြတာပေါ့ မင်း ဆိုဖာမှာထိုင်လိုက်အုံး "
"ဟုတ်ကဲ့ "
အကြောင်းပြချက်မရှိ ပြောလာတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
ပြန်ပြီးမေးနေမှာမဟုတ်။ သူ့အတွက်တော့ boss
စကားသည်အရာရာသာ။Boss ပြောတဲ့အတိုင်း အနားကဆိုဖာမှာ သွားထိုင်လိုက်တော့ ကုတ်ကိုချွတ်ကာ တစ်လှမ်းချင်း
လှမ်းလာတဲ့ boss က.....
ဘယ်လိုပြောရမလဲ။ .....ကျွန်တော့်အတွက်တော့........ထိုင်နေတဲ့ကျွန်တော့်ပေါင်ပေါ်ကို မပြောမဆိုနဲ့ ခွထိုင်လာတဲ့
Boss ကြောင့် ခါးသွယ်သွယ်ကို အလိုက်တသိ
ဖက်တွယ်မိသည်။
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung