_ 𝐅𝐢𝐧𝐚𝐥 _

692 72 20
                                    

Unicode

တိုက်ခတ်လာတဲ့လေပြင်းတွေကြားထဲမှာ
ဆားနံ့ခပ်သင်းသင်းကပျံ့လွင့်လို့နေတယ်။
သေချာတာပေါ့ ဒါပင်လယ်တစ်ခုနားမှာပဲ
အတိအကျဆိုရမယ်ဆို ပင်လယ်ရဲ့အနီးအနားက
ကျောက်ဆောင်ချောက်မြင့်ကြီးတစ်ခုလို့
ဆိုရမလား ....

ပုံမှန်လိုမျိုး တိတ်ဆိတ်ခြင်းမရှိတဲ့ ပတ်၀န်းကျင်...
ညစ်နွမ်းနေတဲ့လေထုအနေအထား
ဆားနံ့အပြင် တစ်ချက်တစ်ချက် ၀င်ရောက်လာတဲ့
သွေးညှီနံ့က ဘယ်ကများလဲ ...

တောက် ...တောက်...တောက်

လက်မောင်းရင်းအထက်နားကနေ
တစ်တောက်တောက်စီးကျနေတဲ့ သွေးစက်တွေဟာ
အနာတရဖြစ်နေပါလားဆိုပြီး စိတ်ပူနေတဲ့လူ
မရှိဘူး...မဟုတ်ဘူး...တစ်ယောက်တော့ရှိတယ် ။

ဒဏ်ရာနဲ့သူဟာ လူတစ်ယောက်ကို ဖက်တွယ်ထားတယ် လက်ထဲမှာ သေနတ်တစ်လက်ကို ကိုင်ဆောင်လို့... သူဟာ ချောက်ကမ်းပါးရဲ့ အစွန်မှာ
ရပ်လို့နေလေတယ်~~~

ဒီဖြစ်ရပ်များ စတင်ဖြစ်ပွားချိန်ကို ဆိုရမည်
ဆိုပါက ....

.
.
.
.
.

အဆုံးသတ်များလား ။

နောက်ဆုံးတော့သူအရှုံးပေးလိုက်ရတာပဲ
Kim Namjoon ကတော့ အနိုင်ရသူကြီးပေါ့ ။
လေဆိပ်ကိုသွားနေတဲ့ လမ်းမှာ သူအသက်မရှိတဲ့
လူလို ငြိမ်ငြိမ်လေးထိုင်ကာ မျောလွင့်နေခဲ့တယ်။

ဒီနေ့ကစ ငါထွက်သွားတော့မယ်
ဒီနယ်မြေနဲ့ဝေးရာ သူနဲ့ဝေးရာ
ငါ့စိတ်ဆန္ဒအနည်းငယ်တောင်ပါ၀င်ခြင်းမရှိခဲ့ပဲ
သူ၏သဘောအရ.....
ဟက် ဘာတွေများမျှော်လင့်ပြီး သူလွတ်မြောက်
နိုင်မယ်လို့ယုံကြည်နေခဲ့ရတာလဲ
ဒါပေမယ့်...အဲ့ယုံကြည်မှုကို အခုထိ
ဆုပ်ကိုင်ထားမိနေတုန်းပဲ ။

ရယ်စွက်သံတစ်ချို့ကြောင့် ခဏတာလောက်
လှည့်ကြည့်လာပေမယ့် ပုံမှန်အတိုင်းပြန်နေလေတယ်
ဒီနိုင်ငံကထွက်ခွာနိုင်မှ သူသက်ပြင်းမောချပြီး
နေနိုင်မယ်နဲ့တူပါရက် သူတစ်ယောက်အတွက်လဲ
ဒါဟာ၀ဋ်ကြွေးတစ်ခုလိုပဲ ။

ကိုယ်ပိုင်လေယာဥ်တွေအကုန်သိမ်းခံလိုက်ရတော့
တစ်ခုတည်းသောနည်းလမ်းက သူတို့ရိုးရိုး
လေဆိပ်ကဖြတ်သန်းသွားလာခြင်း ...

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now