𝑷𝒂𝒓𝒕 3

1K 131 12
                                    


Unicode

ဖြန့်ကျဲလာတဲ့ အနမ်းမုန်တိုင်းဟာ အလုပ်ခန်း
အရောက် တိခနဲ ရပ်တန့်သွားလေတယ်။

"တော်တော့ joon ငါအရေးကြီးပြောစရာရှိတယ်"

ဟန့်တားလာတဲ့စကားနောက် အသာတကြည်ပင်
ခုံပေါ်သို့ တင်ပေးလေသည်။

"ဟက် ဒီအတိုင်း လာတားတယ်မှတ်နေတာ
တကယ်ပြောစရာရှိနေတာပဲ "

"ငါက ဘာကိစ္စကြောင့် လာတားရမှာလဲ အခုကိစ္စက
အတော်လေးကိုအရေးကြီးတယ် "

"ဘာများမလို့လဲ "

"Ying အကြောင်း "

Asia မှာရော Western မှာပါ ဖောက်ထွင်းနေတဲ့
ပြိုင်ဘက်လဲဖြစ်နေသော
အကြီးစား မူးယစ်ရာဇာGang အကြောင်းမလို့
သူ့မျက်ခုံးတွေက တွန့်ခနဲ မြင့်တက်သွားလေသည်။

"Ying ကဘာဖြစ်လို့လဲ ဘာတွေများသိထားလဲ
Hope..."

အများအမြင် အလှူရေစက်လက်နဲ့မကွာ ဆိုသလို
လှူဒါန်းနေတဲ့ သူဌေးတစ်ဦးဖြစ်လင့်ကစား
နောက်ကွယ်မှာ တရားမ၀င်လုပ်ငန်းတွေကတော့
ရှိနေတာပဲ။ ကျွန်တော့်လိုလူတောင်လုပ်နေတဲ့
ဒီအလုပ်က Kim Namjoon ဆိုတဲ့ RM အတွက်
တော့ ကျင်လည်ကျက်စားရာနေရာတစ်ခုပဲ။

"Ying ရဲ့သိုလှောင်ရာနေရာတစ်ခုက Seoul မှာ
အခြေချထားတယ်လို့ ငါသတင်းရထားတယ်
သိပ်တော့မသေချာဘူး 50-50%ပဲ "

"Wow... wow ...wow တယ်လဲသတ္တိကြီးတဲ့
Gang ပဲ RM ရဲ့ပိုင်နက်မှာ လာပြီးအခြေချမယ်ပေါ့"

"အဲ့တာလဲ တွေးစရာတစ်ခုပဲ အကြောင်းမရှိပဲနဲ့တော့
သူတို့ မင်းနယ်မြေမှာလာပြီး လုပ်ရဲမှာတော့မဟုတ်ဘူး...ပြီးတော့ ပစ္စည်းတွေက အတော်စုံတယ်
လက်နက်တွေရော ဆေးတွေရော သိရသလောက်
လူတွေပါပါမယ်ဆိုလား "

"သိပ်ကိုကြီးတာပဲ ငါတို့အဲ့အခြေစိုက်စခန်းက
ဘယ်မှာရှိနေလဲဆိုတာ စုံစမ်းရမယ် တကယ်လို့
အဲ့စခန်းသာ ငါ့လက်ထဲရောက်လာခဲ့ရင် ...ဘန်း....
Game Over "

သေနတ်ကိုထုတ်ကာ ဆော့ကစားပြနေသော်လဲ
နှစ်ယောက်စလုံးမှာ အကြောက်တရားဆိုတာ
ဝေသာဝေး...။
တိတ်ဆိတ်သွားတဲ့နှစ်ယောက်သားကြား
မတူညီတဲ့အတွေးတွေ စိုးမိုးနေမယ်ဆိုတာ
မပြောလဲသိနေကြမှာပဲ။

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now