𝑷𝒂𝒓𝒕 17

509 92 3
                                    

Unicode

မြင့်မားထည်ဝါစွာတည်ရှိနေတဲ့ အဆောက်အဦးကြီးကိုသူမော့ကြည့်ကာ တစ်ချက်အကဲခတ်လိုက်တယ်။
သာမန်လူတွေနေဖို့ကဘယ်လိုမှမဖြစ်နိုင်တဲ့  ဒီအဆောက်အဦးကြီးက မြို့လယ်ခေါင်မှာ
ထီးထီးကြီး တည်ရှိလို့နေတယ် ...။

Minသူဌေးပေးလိုက်တဲ့ လိပ်စာကတ်အရတော့
ဒီနေရာဆိုတာ အသေအချာပဲ ...

"တောင်းပန်ပါတယ်ဗျ"

လုံခြုံရေးလို့လူတစ်ယောက်က လာရောက်တားမြစ်ခြင်းကို ခံလိုက်ရလေသည် ။ ဟုတ်သားပဲ ...
ဒီနေရာကို လွယ်လွယ်တော့ပေး၀င်ကြမှာ
မဟုတ်ဘူး ...

"ဒီမှာအခန်းပိုင်ရှင် ဒါမှမဟုတ် ဧည့်သည်မဟုတ်ရင်
၀င်လို့မရပါဘူးဗျ ဧည့်သည်ဆိုရင် ဧည့်သည်
ကြိုဆိုခန်းထဲမှာ စောင့်ဆိုင်းပေးပါ "

အိတ်ကပ်ထဲက ယူဆောင်လာတဲ့ သော့ cardလေးကို
ထုတ်ပြလောက်တယ် ။

"ဒုတိယထပ်ကပါ "

"အာ တောင်းပန်ပါတယ်ဗျ မြင်နေကြမဟုတ်လို့ပါ "

"ရပါတယ် ကျွန်တော်လဲအခုမှပြောင်းလာတာဆိုတော့ "

"အဲ့တာဆို ကျွန်တော်လိုက်ပို့ရမလား "

ဖော်ရွေပြူငှာတဲ့သူဆိုပေမယ့်  ကိုယ့်အခန်းမဟုတ်တဲ့
အခန်းထဲကို ၀င်သွားရင် သံသယ၀င်စရာတွေ
ဖြစ်သွားလောက်တယ် ...ဒါပေမယ့်

" ခင်ဗျားသာ လိုက်ပို့မယ်ဆို ကျွန်တော်က
ကျေးဇူးတင်တာပေါ့ဗျာ "

"ဒါဆို ဒီဘက်ကိုကြွပါဗျ"

လုံခြုံရေးရဲ့အကူအညီနဲ့ ကျွန်တော်ဓါတ်လှေကားမှ
တစ်ဆင့် အခန်းဆီသို့ရောက်လာခဲ့တယ် ။
Cardဖြင့် အခန်းကိုဖွင့်ပြလိုက်တော့ လုံခြုံရေးလေး
ကပြုံးပြသည် ။

"အသစ်ဆိုတော့အဆင်ပြေပါ့မလား စိတ်ပူလို့ပါ
အစ်ကိုက ရုပ်ရှင်မင်းသားများလား
အရမ်းချောတာပဲ "

"မဟုတ်တာ ကျွန်တော်က ရိုးရိုး၀န်ထမ်းပါ "

"ဟုတ်လားဗျ ကျွန်တော်ကစစတွေ့ချင်းက
မင်းသားထင်သွားတာ အရမ်းမိုက်တာပဲ "

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now