𝑷𝒂𝒓𝒕 6

780 109 18
                                    

Unicode

အချစ်ဆိုတဲ့အရာက ချိုသလား ခါးသလား?
လူ​တွေရဲ့ပါးစပ်ဖျားမှာ​တော့ များစွာ​သော
အဓိပ္ပါယ်​တွေဖွင့်ဆိုကြ​ပေမယ့်...
ကျွန်​တော်က​တော့နားမလည်နိုင်ခဲ့ဘူး..။

ဘာလို့ဆိုကျွန်​တော့်အတွက် အချစ်ဆိုတာ..
နာကျင်မှုသက်သက်ပဲ။

⁂⁂⁂⁂⁂

"Morning ပါအချစ်​ရေ နိုးပြီလား "

အိပ်​ပျော်​နေတဲ့အချိန်မှာ ဖုန်းမြည်သံ​ကြောင့်
ဆတ်ခနဲ လန့်နိုးလာခဲ့သည်။
ဟိုဒီစမ်းရင်း မပွင့်​သေး​သော မျက်လုံးအား
အားယူဖွင့်မိ​တော့ contact nameမှာ
​နေရာယူထားတဲ့ joonဆိုတဲ့နာမ်စား..။

​ချော့ပါမယ်ဆိုတဲ့လူက တစ်ညလုံး​ပေါ်မလာတဲ့အပြင်
အခု​တော့ပို၍ပင် စိတ်တိုချင်စရာ ...
လူကိုယ်တိုင်မလာနိုင်ရသည်အထိ သူ့အတွက်
ဘာ​တွေကများ အ​ရေးကြီး​နေခဲ့ပါသလဲ?
အိပ်ချင်​နေတဲ့စိတ်​တွေကလဲ ​ဒေါသအရှိန်​ကြောင့်
ကြက်​ပျောက်ငှက်​ပျောက်သာ....
တစ်ဒီးဒီးမြည်​နေတဲ့ဖုန်းကို စိုက်ကြည့်ကာ
အ​တွေးလွန်​နေမိသည်။ သို့​သော်...
ဟက်ခနဲ ရီလို့အ၀င်​callအား လက်ခံလိုက်သည်။

"Hello"

"Morning ပါအချစ်​ရေ နိုးပြီလား "

"သတိရ​သေးတယ်​နော်"

လာပြီးချစ်ပြ​နေလဲ အခုသူ့​ခေါင်းထဲမှာ
ရှိ​နေ​သောအရာများဟာ အကန်​တွေကြီးသာ..

"သတိရတာ​ပေါ့ အချိန်တိုင်း​လေ"

"ဟက် အဲ့စကားမ​ပြောခင် မင်းရင်ခွင်ထဲမှာ
အိပ်​ပျော်​နေတဲ့သူကို မသိချင်​ယောင်​ဆောင်ခိုင်း
ထားလိုက်ပါလား ​တော်ကြာ​နေ..."

"...."

တစ်ဖက်ကပြန်စာစကား ​ရောက်မလာပုံ​ထောက်
သူ့စကား​တွေက ​ကောင်း​ကောင်းမှန်​နေတာပဲ။

"ဟင် သူနဲ့အတူရှိ​နေရင်​ရော ငါ့ကိုပဲသတိရ​နေတာလား အဲ့တာဆိုရင်​တော့ ဘယ်​ကောင်းမလဲကွာ
သူနဲ့ရှိ​နေရင်သူ့ကိုပဲ သတိရ​ပေး​လေ ငါ့လို​ပေါ့
Vနဲ့ရှိ​နေရင် သူ့ကိုပဲစိတ်၀င်စားတယ် မင်းကိုတော့
ခဏ​မေ့ထားလိုက်တာ​ပေါ့ "

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now