𝑷𝒂𝒓𝒕 19

517 82 12
                                    

Unicode

"ပျောက်နေတာ တစ်ပတ်ပြည့်တော့မယ်
အခုထိ ရှာမတွေ့သေးဘူးလား "

အခန်းငယ်တစ်ခုထဲက လူနှစ်ယောက်အနက်
တစ်ယောက်ကဆိုလိုက်သောစကား...

"သူပဲ ပုန်းတာတော်နေတာလားပဲ အခုထိ
ရှာမတွေ့သေးဘူး လူကိုလဲမတွေ့သလို
ပစ္စည်းတွေထားတဲ့ နေရာကိုရောပဲ "

"ကျွန်တော်တို့ အစီအစဥ်စတာ
အရမ်းစောသွားတာများလား ခဏလောက်
စောင့်လိုက်သင့်တာ "

"မဟုတ်သေးဘူး V အချိန်ကိုက်ပဲ နည်းနည်း
လွဲချော်မှုတွေ ဖြစ်ကုန်တာ ဒီအချိန်မှ မစရင်
သူ့ကိုဖမ်းဖို့က ခက်ခဲလိမ့်မယ် "

"အခုဆိုရင် Hyung အဆင်ပြေပါမလား "

ခေါင်းငိုက်စိုက်လို့ အကြံတွေထုတ်လဲ ဘာမှထွက်မလာတာမလို့ ဗလာဖြစ်နေတဲ့ ခေါင်းကိုပဲ
အပြစ်တင်မိပြန်တယ် ။
တစ်နိုင်ငံလုံးအနှံ့ ရှာနေမိပေမယ့် အစအနတောင်
ရှာမရခဲ့ဘူး ။
တစ်ပတ်ရှိတော့မယ် ကျွန်တော့်ရဲ့ Hyung
ကျွန်တော့်ရှေ့မှာ မရှိတော့တာ
တစ်ပတ်ပြည့်တော့မယ် ....
စိတ်ပူလွန်းလို့ သေမလိုပဲ ။

"ငါလဲ ပစ္စည်းတွေထက်စာရင် Seokကို
စိတ်ပူမိတယ် ဒီမှာကြည့် "

လက်ထဲကစာရွက်အချို့ကို ယူလိုက်တော့
Min သူဌေးက စကားဆက်သည်။

"ဆေးစစ်မှတ်တမ်းတစ်ခု "

"ဆေးစစ်မှတ်တမ်း ?"

ဆေးရုံတစ်ခုရဲ့မှတ်တမ်းဖြစ်ပုံပေါ်တဲ့ ထိုစာရွက်ရဲ့
ထိပ်မှာမြင်လိုက်ရတာက Psychology Test..
ထိုအောက်မှာမြင်လိုက်ရတဲ့ နာမည်က
Kim Namjoon...

ဒါဆို Kim Namjoon က

"သူစိတ်ကျရောဂါဖြစ်နေတာ ကြာပြီနဲ့တူတယ်
အခုလိုစာရွက်မျိုးကို တွေ့ရလိမ့်မယ်လို့
မထင်ထားဘူး အဲ့တာကြောင့် seok ကသူ့လက်ထဲမှာ
ကြာကြာရှိနေတာ အန္တရာယ်များတယ် ငါတို့
မြန်မြန်ရှာတွေ့မှဖြစ်မယ် "

တကယ်ပဲ ဘာပြောရမှန်းတောင် မသိခဲ့ဘူး
Kim Namjoon လိုလူမျိုးက ဒီလိုမျိုးတွေ
ခံစားနေခဲ့ရတာလား ..

"အာ့ဆို ရှာကြမယ်လေ အခုချက်ချင်း Hyung ကို
ပြန်ခေါ်မယ် "

"စိတ်ကိုငြိမ်ငြိမ်ထား V သွားခေါ်ရအောင်
ဘယ်မှာလဲမင်းသိလား ငါတို့အကုန်လုံး
သူ့ကို စိတ်ပူနေတာပဲ အရင်ဆုံး ခေါင်းအေးအေးနဲ့
စဥ်းစားကြည့်အုံး "

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now