Unicode
ကိုယ့်အပေါ်မချစ်တဲ့သူအပေါ်
မုန်းပစ်လိုက်ချင်တာပေါ့
မချစ်ဘူးလို့လဲ လိမ်ညာချင်တာပေါ့
ဒါပေမဲ့ မပြောနိုင်ဘူး ကျွန်တော်ချစ်နေမိလို့ပဲ....
မင်းကပြည့်စုံလွန်းလို့ ငါနဲ့မတန်တာကိုသိပေမယ့်လဲ
.....ငါ....
ငါမင်းအနားကထွက်မသွားနိုင်ဘူး~~(((((.....))))))
ညကကိုယ်သူ့ဆီမရောက်သွားလို့ စိတ်ဆိုးနေမယ်
ဆိုတာကိုသိပေမယ့် တကယ်ကြီး Kim V နဲ့
Dateပြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဆိုးတယ် အချစ် မင်းကအရမ်းဆိုးတယ်...
ကိုယ့်အသဲကိုဘယ်လိုနာကျင်အောင် လုပ်ရမလဲဆိုတာသိနေတော့ မင်းကပိုလို့တောင် ဆိုးနေတယ် ...အခုရက်အတွင်း စိတ်အခြေအနေတွေက
မပြောပြတတ်အောင် ရှုပ်ထွေးလို့နေတယ် ။
လုပ်ငန်းတွေရော အချစ်ကိစ္စရော တကယ်
မကြည်မလင်ဖြစ်နေခဲ့တာ တော်တော်ကြာပြီ။
ဒီလိုမျိုးနောက်ထပ်မဖြစ်အောင် ကိုယ်ဘာတွေ
လုပ်ပေးရမလဲ အချစ်ရယ်....ဒေါက်...ဒေါက်
တံခါးခေါက်သံကြောင့် ခုံကို လက်နဲ့ခေါက်ရင်း
လွန်နေတဲ့ အတွေးတွေကို ပိတ်ကားချလို့
တံခါးဆီအကြည့်ပို့လိုက်တော့ ..."မောင် "
"ဪ မင်းပဲ လာထိုင်လေ ဘာကိစ္စရှိလို့လဲ "
မောင့်ရဲ့အကြည့်တွေ စကားသံတွေက
မျှော်လင့်ထားတဲ့သူမဟုတ်လို့ စိတ်ပျက်သွားသလိုပဲ။"ဘာရယ်တော့မဟုတ်ပါဘူး မောင်ရယ်
အခုတလော မောင့်ပုံစံက စိတ်ညစ်နေတဲ့ပုံပေါက်
နေလို့ ဒီအတိုင်းလာတာ ပြီးတော့ မောင့်အတွက်
ထမင်းဘူးလေးလဲလုပ်လာတယ် "လက်ထဲမှာကိုင်လာတဲ့ဘူးလေးကို လှုပ်ခါပြလို့
စားပွဲပေါ်တင်ကာ နေရာတကျစီနေမိတယ် ။
မောင့်အပေါ်အရိပ်တကြည့်ကြည့် ချစ်နေမိတဲ့
ငါ့ရဲ့အချစ်တွေကို မောင်မြင်ပါစေလေ ။"မလိုပါဘူး jin ငယ် မင်းကိုမင်းပဲဂရုစိုက်စမ်းပါ
ကြည့်ရတာ ဖြူဖပ်ဖြူရော်နဲ့ "မောင်ငါ့စေတနာတွေကို လျစ်လျူရှုလိုက်ပေမယ့်
ငါ့ကိုဂရုစိုက်ပါလားဆိုတဲ့ အသိနဲ့တင် အမှတ်မရှိတဲ့
နှလုံးသားက ပျော်နေမိပြန်ရော ။
ပျော်နေတော့လဲ နှုတ်ခမ်းဖျားလေးက
ထိန်းချုပ်မှုကင်းမဲ့စွာ ပြုံးတက်သွားလေတော့
မောင်ကကြည့်ကာ ရယ်သည်။
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung