Unicodeတစ်ခါတစ်လေ အချစ်က ပိုင်ဆိုင်ထားရတာကိုမှ
တန်ဖိုးရှိကြတယ်လို့ လူတွေကထင်ကြလေတယ်။တစ်ချို့ကျ သူပျော်နေတာလေးကို ငေးမောကြည့်
နေရရင်လဲ အချစ်ပဲတဲ့..။ဒါဆိုသူငိုကြွေးနေရတာကို ငေးကြည့်နေရတဲ့
ကျွန်တော်ကရော...
ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ရမလဲ?
ဒါကရော အချစ်ပဲလား ?^^^
"ဘယ်လိုဖြစ်တာလဲဟမ် ကိုယ့်နယ်မြေမှာ
ဖြတ်ခုတ်ခံရတယ်တဲ့ မင်းတို့မရှက်ဘူးလား
ငါတို့gangက အခုလိုမျိုးတွေခံရအောင်ထိ
ညံ့ဖျင်းစုတ်ပြတ်သတ်နေပြီလား ဆောက်သုံး
တွေမကျတော့ဘူးလား ပြောကြစမ်း ငါ့ကို "ဖြစ်တောင့်ဖြစ်ခဲ အရာတစ်ခုကို ကြုံတွေ့လိုက်ရသူ
အဖို့ တကယ်ကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
ဒေါသသည်ဘယ်လောက်ထိ အရှိန်အဟုန်
ကြီးမားကြောင်းကို သက်သေပြနေသည်က
သူ၏ မျက်သားနီနီများ ....
သူသည် ဆုံးရှုံးသွားသည်များကို ဂရုမစိုက်ပါ။
သူဂရုစိုက်သည်မှာ ရှုံးနိမ့်ခြင်းဆိုသော ၀ိသေသ
တစ်ခု ။"ပြောစမ်းပါ ဆောက်ရမ်းတွေအသုံးမကျဖြစ်နေတာ
မလား ခဏလောက်လွှတ်ထားမိတာနဲ့ ခွေးအတွေလို
ဖြစ်နေကြပြီလား မထိန်းသိမ်းနိုင်ကျတော့ဘူးလား"အခုဖြစ်တဲ့ကိစ္စသည် ပေါ့သည်တန်သည်မဟုတ်..
သူပိုင်ရာသူ့နယ်မြေဖြစ်သည့် koreaနယ်မြေတွင်
သူ့ပစ္စည်းတွေ အလုခံရသည်။
လုသွားသူသည် Ying gang ...
ဒါဘာအချိုးလဲ။ နောက်ဆုံးတော့ သူတို့ ရဲ့
ရည်ရွယ်ချက်အစစ်အမှန်တွေသည်
ဘူးပေါ်သလို ပေါ်လာလေပြီ။"ဟက် သိပ်တော်တယ် ဟိုဘက်ကလူတွေ
သိပ်တော်တယ် သူတို့ကိုယ်သူတို့ တော်လှပါချည်ရဲ့
ဟုတ်လှပါချည်ရဲ့ဆိုတဲ့ ငါ့ကောင်တွေကို
ကောင်းကောင်းကြီးကို ပညာပြသွားကြတာပဲ
ကဲ ဘယ်လိုလုပ်မလဲ ပစ္စည်းတွေ...
ငါကနောက်တစ်ခါထပ်မှာလိုက်လို့
မွဲမသွားနိုင်ပေမယ့် မင်းတို့ကရော...ဒီလိုမျိုး
ဖြစ်နေမယ်ဆို နောက်တစ်ခေါက်ထပ်အလုခံရမှာလား"
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung