Unicode
ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ...
ကျွန်တော်ဟာ ခင်ဗျားနဲ့အတူတူ
လျှောက်လှမ်းဖို့ကိုပဲ ဆန္ဒရှိခဲ့တယ် ။
ဒါပေမယ့် ခင်ဗျားကိုယ်တိုင်က ငြင်းဆန်နေမယ်
ဆိုရင် ..... ရွေးချယ်စရာနှစ်ခုရှိတယ် ...ခင်ဗျားကို ကျောခိုင်းပြီး ခင်ဗျားနဲ့ဝေးရာကို
လျှောက်လမ်းမှာလား ?ဒါမှမဟုတ်...
ခင်ဗျားနဲ့နီးစပ်ရာနေရာလေးကနေ
မျဥ်းပြိုင်အတိုင်း ရှင်သန်မလား ....... နှစ်ခုလုံးကတော့ ကျွန်တော်တို့နှစ်ယောက် အတွက် ဆုံမှတ်မရှိခဲ့ဘူး ....
****************
"သေချာလား Tae Hyung မင်းသူ့ဆီမှာ
အလုပ်လုပ်မှာ ""ဟုတ် "
"ခေါင်းမမာစမ်းပါနဲ့ Tae Hyung ရာ
Hoseok လဲမင်းရဲ့ရွေးချယ်မှုကို သဘောကျမှာ
မဟုတ်ဘူး ""Jin Hyung "
".........."
"သူကကျွန်တော့်ကိုလွတ်လပ်ခွင့်ပေးလိုက်ပြီ
ကျွန်တော်သူ့ဆန္ဒ သူ့သဘောအတိုင်းနေစရာ
မလိုတော့ဘူး သူသဘောကျစရာလဲ
မလိုတော့ဘူး ကျွန်တော့်ကိုလဲ မလိုတော့ဘူး "သိပ်ကိုခေါင်းမာလွန်းတဲ့အကျင့်က သူ့ Bossဆီကများ လက်ဆင့်ကမ်းလာသလားပဲ
သူ့ကြည့်တော့ သေမတတ် သတိရနေပြီး
အခုကျ ဘာမှမဖြစ်သလို ဟန်ဆောင်နေပြန်သည်။
ကျွန်တော်ဒီကောင်လေးကို တကယ်သနားသည်။
သူ့ခမျာ ကြီးကောင်ပေါက်အရွယ်ထဲက ထိုလူသားသာ ကမ္ဘာမှတ်ပြီးနေလာသူမလို့ အခုလို
ဝေးကွာသွားတဲ့အခါ အထိန်းအကွတ်အောက်က
လွတ်ထွက်သွားသလို သူ့ကမ္ဘာငယ်ဟာ
အရောင်မဲ့နေခဲ့လေပြီ ။ငိုက်စိုက်နေတဲ့ခေါင်းလေးကို အသာပုတ်ပေးမိတော့
မော့ကြည့်လာတဲ့ မျက်၀န်းထဲမှာ အိုင်ငယ်လေးတွေ
ကဖြစ်ထွန်းလို့နေ၏ ။ သူ့အကြောင်းတွေးမိရုံနဲ့တင်
မျက်ရည်တွေ၀ဲတက်လာတဲ့အထိ သူHoseok ကို
ချစ်မိနေခဲ့လေသည် ။
Hoseok သည် တကယ်ကံကောင်းလွန်းသော
လူသားလေးပင်ဖြစ်သည် ။
သူ့အပေါ် စည်းစိမ်တွေချမ်းသာမှုတွေနဲ့ ပတ်သက်ပြီး
မနာလိုခြင်းမရှိခဲ့သော်လည်း အချစ်ရေးတွင်
သေလောက်အောင် အားကျသည် ။
မောင်နဲ့ပတ်သတ်လာရင်တော့မနာလိုသည်။
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung