𝑷𝒂𝒓𝒕 4

856 126 24
                                    

Unicode

(BOSS BABYကို Title change ထားတာပါ
ဘာဘီတို့ >♡<)

"ညကျရင် သွားစရာပွဲရှိတယ် ပြင်ဆင်ထားလိုက်
ညနေလောက်ကျလာခဲ့ ..."

ဆေးထည့်ပြီးလို့ ပြန်မယ်လုပ်နေသည့်အခိုက်
သူ့ရဲ့နှုတ်ဖျားကကျလာတဲ့ အမိန့်လိုစကားကြောင့်
ကိုယ်လဲ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပြီ ဒါဆိုသွားတော့..."

အ၀တ်အစားလဲပြီး အိပ်ဖို့ပြင်နေတဲ့သူက
အတော်လေးကို နွမ်းလျစွာ...
ဘာတွေများအဆင်မပြေဖြစ်နေသလဲဆိုတာ
ကိုယ်လဲတကယ်မသိတော့ပါ။
အလုပ်တွေကြောင့်လား...ဒါမှမဟုတ်
Kim Namjoon ကြောင့်ပဲလား...

သံယောဇဥ်မဖြတ်နိုင်စွာ သူ့ကိုအရိပ်လို
တစ်စိမ့်စိမ့်ကြည့်နေမိတုန်း...
မှိတ်ထားတဲ့ မျက်လုံးလေးတွေကို
အသာဖွင့်ဟလာတယ်။ အိပ်မပျော်ဘူးလားကွယ်...

"မသွားသေးဘူးလား "

ကျောက်ရုပ်ကြီးလို ခြေရင်းမှာရပ်ကြည့်နေတဲ့
သူကြောင့် ခပ်ဖွဖွပြုံးလိုက်တယ်။

"ဒါဆို လာခဲ့အုံး "

လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ခေါ်လိုက်တော့
ဘယ်တုန်းထဲက... စောင့်နေလဲမသိ.. လေအလျင်နဲ့
အနားကိုရောက်လာတယ်။

"ဒီမှာလှဲလိုက် ငါ့ဆီလာပါဆို "

ကိုယ်ပြောတဲ့အတိုင်း လှဲလိုက်ပြီး ကိုယ့်ကိုသာ
စိုးရိမ်သလို ကြည့်နေလေသည်။
သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲကိုပစ်၀င်လိုက်ပြီး
ရင်ဘတ်မှာ ခေါင်းအပ်ကာ ကိုယ့်ရဲ့စိတ်သက်သာရာကို ရှာဖွေမိတယ်။ အဲ့ခါကျပြန်တော့ သူကလဲ
လူကြီးလေးလို ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးလို့
နေတယ်။

ဘာကြောင့်များလဲ joon အရင်က မင်းလုပ်ပေးနေကြအရာတွေက အခုတော့ ငါ့ကိုသူများက
လုပ်ပေးနေရတယ်။ မင်းကရော ....
အခုဆို ငါ့ကိုလုပ်ပေးနေကြအရာတွေအတိုင်း
နောက်တစ်ယောက် ကိုလုပ်ပေးနေမလား။
အမြဲတိုင်းငါမှီခိုခဲ့ရတဲ့ ရင်ခွင်တစ်စုံဟာ
အခုတော့ ငါမဟုတ်တဲ့ အခြားတစ်ယောက်အပိုင်
ဖြစ်လို့နေပြီလား ။
ရင်နာတယ် joon ငါရင်နာရတယ် ....
အဲ့အကြောင်းတွေ တွေးမိတိုင်း ငါရင်နာနေရတယ်...

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now