𝑷𝒂𝒓𝒕 9

632 110 19
                                    

Unicode

Kim စံအိမ်တော် မြေအောက်ထပ်ရဲ့တစ်နေရာ...

"အား!!!"

အော်သံနက်ကြီးတစ်ခုဟာ အလွန်အမင်း
စိတ်လှုပ်ရှားကြောက်ရွံ့ဖွယ် ကောင်းနေပေမယ့်
တစ်ကယ် ကြောက်ဖို့ကောင်းနေသည်က
ရှေ့တည့်တည့်မှာထိုင်နေသော ထိုလူ ..။

Leather boots အနက်စီးထားတဲ့ ခြေအစုံကို
မြင်နေရတာနဲ့တင် လူတွေကို ဖိတ်ဖိတ်တုန်အောင်
လုပ်နိုင်စွမ်းရှိတဲ့

ထိုလူသား...

အမြဲတမ်း suitအပြည့်နဲ့  ကြောက်ရွံ့မှုတွေ
နာကျင်မှုတွေကို အပြည့်အ၀ပေးစွမ်းနိုင်တဲ့

ထိုလူသား...

၀ိုင်ခွက်တစ်ခွက်ကို အရသာခံသောက်ရင်း
ရှေ့ကလူရဲ့ နာကျင်စွာ အော်ဟစ်မြည်ကျွေးသံတွေက သူ့အတွက်တော့ လှပစွာ သီကြူးထားတဲ့
တေးသံသာ တစ်ပုဒ်လို ..

မခံမရပ်နိုင်ညည်းညူနေတဲ့ သူကို
အရသာရှိစွာ ကြည့်ရှုရသည်ကို
သူအထူးနှစ်ခြိုက်လေသည် ။

"Kim V
Kim V "

အသံကိုခပ်လေးလေးဆွဲလို့ စိတ်ပျက်သလို
သနားသလို အသံသြသြနဲ့ ပြောနေခြင်းဟာ
အလွန်ကိုဆွဲဆောင်မှုရှိနေပေမယ့် သူ့ရဲ့
ဆွဲဆောင်မှုတွေကို ဘယ်သူမှမမြင်အား
စိုးရိမ်ထိန့်လန့်မှုများက ကြီးစိုးလို့နေခဲ့သည်။

"မင်းက Hoseokရဲ့ သက်တော်စောင့်ပဲလေ
ဘာလို့အဆင့်တက်ဖို့ကြိုးစားနေရတာလဲ
ဘာလဲ မင်းသူ့ကိုချစ်မိနေပြီလား "

အပေါ်ပိုင်း ၀တ်လစ်စလစ်ဖြစ်နေတဲ့လူတစ်ယောက်သည် ကျောပြင်ထက်တွင် အလျားလိုက် အရှိုးရာတွေက အကျည်းတန်စွာ နေရာယူထားလေသည်။
လောလောလတ်လတ်အနာများဖြစ်နေသည်မလို့
နီရဲနေသောသွေးစိမ်းရှင်ရှင်တို့က ဟိုတစ်ကွက်
ဒီတစ်ကွက်...

ရုန်းကန်လို့မရအောင် လက်တစ်ဖက်တစ်ချက်စီကို သံကြိုးများဖြင့် ချည်နှောင်ထားသောကြောင့်
လှုပ်ခါလိုက်တိုင်း သံကြိုးသံ တစ်ချွင်ချွင်က
စိတ္တဇဖြစ်ဖွယ် ပေါ်ပေါက်လို့နေလေသည် ။

ခန့်ညားလှသော မျက်နှာထက် ဒဏ်ရာကြီးငယ်တို့က
အစားထိုး၀င်ရောက်လို့နေပြီး  ပါးစောင်မှ
သွေးများပင်စီးကျလို့နေလေပြီ။

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now