Unicode{ အချစ်ကို တစ်သမတ်တည်းသော
အရာတစ်ခုလို့ မတွေးထားပါနဲ့ }
•••••"ဘယ်အချိန်ထိ ဒီလိုနေနေအုံးမှာလဲ Hyung "
ခမ်းခြောက်ခါစပြုနေတဲ့ မျက်ရည်စီးကြောင်းနဲ့
သူက နှုတ်ခမ်းထက်၀ယ် အပြုံးတစ်ခုကို
ချိတ်ဆွဲလိုက်တယ် ။"မသေခင်အထိ....ငါရဲ့နောက်ဆုံးထွက်သက်ထိ
ဒီလိုနေသွားမယ် ဒါမောင်ပေးတဲ့ ငါ့ကံကြမ္မာမို့
သေလူလို့နေသွားမယ် ""အဓိပ္ပါယ်မရှိတဲ့အတွေးကို ထုတ်လိုက်တော့!"
ခွမ်း...
အနားမှာရှိတဲ့ ရေခွက်လေးမှာ အဝေးကနံရံဆီကို
ပြေးသွားခဲ့လေတယ် ။
ဒါပေမယ့် သူပဲတစ်စစီ ဖြစ်သွားရပြန်တယ် ။
အဲ့လိုပဲ မိုက်ရူးရဲဆန်စွာ မောင့်အနားကို
အကြံနဲ့ တိုးလာတဲ့သူက ငါဆိုပေမယ့်
ပြိုလဲနေတာ ငါကိုယ်တိုင်ပဲဖြစ်နေပြန်တယ်။"ဘာလို့လဲ Hyung! Seokက သူ့ဘက်ပါတာကို
နားလည်ပေးနိုင်ပေမယ့် Hyung...ကျွန်တော်တို့က
ညီအစ်ကိုအရင်းတွေပါ ...ဘာလို့ ကျွန်တော့်ထက်
သူ့ကိုရွေးချယ်နေရတာလဲ Hyung ရူးသွားပြီလား"ဟုတ်ပါရဲ့..
သူဟာ ကိုယ်တွေမိသားစုကို ပြိုကွဲအောင်လုပ်တဲ့သူ
ကိုယ့်အတွက် အရှုံးတွေသာသယ်ဆောင်လာသူ
ကိုယ်တွေဘ၀ပျက်အောင် လုပ်ခဲ့တဲ့သူကို
သူဘာကြောင့် တွေးပေးနေရတာလဲ ?"Yoongi yaa~~Hyung ရူးသွားပြီနဲ့တူတယ်
မဖြစ်သင့်တာသိပေမယ့် တားလို့မရတော့ဘူး ""မဟုတ်တာ Hyung ကျွန်တော့်ကိုကြည့် "
မျက်လုံးကိုစုံမှိတ်လို့ ခေါင်းကို ဘယ်ညာ
ယိမ်းခါနေသော အစ်ကိုဖြစ်သူကို သူမကြည့်ရက်တော့ ...တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားချိန်မှာလဲ
သူဟာ မျက်ရည်တွေနဲ့ပဲ တကယ်တော့
အချိန်တိုင်းနီးပါး သူ၀မ်းနည်းနေရတယ်" ဟင့် ငါဘယ်လိုလုပ်ရမလဲ Yoongi ...
Hyung တောင်းပန်ပါတယ် ငါ ငါ...
အသုံးမကျတာပါ...ကိုယ့်ညီလေးက ခက်ခဲခဲ့တယ်
ဆိုတာသိနေတာတောင် ...ကူညီမယ်ဆိုပြီး
ချဥ်းကပ်ခဲ့တဲ့ငါက သူ့ကိုချစ်မိသွားလို့
တောင်းပန်ပါတယ် သစ္စာဖောက်မယ်ဆိုတဲ့သူက
ဘာကိုမှမပြောပေးနိုင်တာ တောင်းပန်ပါတယ် "
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung