Unicode
" အဆင်သင့်ဖြစ်ပြီလား "
"ဟုတ်ကဲ့ ကျွန်တော်အားလုံးကိုစီစဥ်ပြီးပါပြီ"
" ဟက်!
ဇာတ်လမ်းက
အခုမှစမှာ "
**************
" သူတို့က ဘာကိစ္စနဲ့အရင်က နေရာမှာ
မလုပ်ကြတော့တာလို့ထင်လဲ ""ကျွန်တော့်စိတ်ထင်တော့ အရင်တစ်ခေါက်က
နေရာကဆို ဒီအတိုင်း သူတို့ရှုံးမယ်ဆိုတာ
သိနေလို့နေမယ် ""ငါကတော့ မထင်ဘူး သူတို့ဆီမှာ
ငါတို့မသိတဲ့ တစ်ခုခုတော့ရှိနေလိမ့်မယ်
လူအင်အားရော ဘယ်လိုလဲ ""ပုံမှန်အတိုင်းပါပဲ "
"ပုံမှန်အတိုင်းပဲ ? နည်းနည်းလေးတောင်
မတိုးဘူးလား? ""နည်းနည်းလေးတော့တိုးထားပါတယ် "
"ဟင်း တွေးစရာတွေတော်တော်များတာပဲ
သူကရော လာမှာလား ?""သူကိုယ်တိုင်လာမှာပါ "
နှုတ်ခမ်းပါးကို ခပ်ဖွဖွတွန့်ကာ ပြုံးလိုက်သည်။
"ဟက် RM မင်းတောက်ပချိန်တွေက
ကုန်ဆုံးနေပြီလေကွာ "*********************
"ငါပြောတဲ့နေရာကို ရွေ့လိုက်လား
သေချာအောင်လုပ်နော် ငါနောက်တစ်ခါ
ဆိုတာ မလိုချင်ဘူး ""ဟုတ်ကဲ့ အမှားအယွင်းမရှိစေရပါဘူး "
"ငါယုံကြည်လိုက်မယ် အခု လုပ်ငန်းနေရာကို
မောင်းတော့ ""ဟုတ်ကဲ့ "
တကယ်ပဲ Kim RMကို အထင်သေးလွန်းတာပဲ
နဂါးမှန်းသိအောင် အမောက်ထောင်ပြရသေးတာပေါ့.နေရာကိုရောက်တော့ သူ့နေရာနဲ့သူ
လုပ်စရာရှိတာကိုလုပ်နေကြလေပြီ။
ကားထဲကနေ ကြည့်နေတဲ့တစ်လျှောက် အနီးအနား
ပတ်၀န်းကျင်မှာလဲ လှုပ်ရှားမှုရယ်လို့ သိပ်မမြင်ရသေး...ဒီတစ်ခေါက် The Time သည်
အတော်လေးကို ကြီးမားသည်။
ပြောရရင် သူ့ရဲ့ကြိုးစားမှုအားလုံးကို ရေစုံမြောသွား
အောင်ထိ လှုပ်ဆောင်နိုင်စွမ်းရှိသည်။
ဟိုတစ်လောကပင် Ying gang ရဲ့လုပ်ရပ်ကြောင့်
အထိနာထားတယ်ဆိုပေမယ့် သူ့မှာ နလန်ပြန်ထူနိုင်သေးသည်။ ဒီတစ်ခေါက်သာထိရင်တော့
သူသည် အားလုံးရှေ့ ဒူးထောက်ရုံကလွဲ မတတ်နိုင်တော့ချေ ။
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung