𝑷𝒂𝒓𝒕 12

561 105 31
                                    

Unicode

မှောင်မဲနေတဲ့အခန်းတစ်ခု
ထို့အပြင် မှောင်မဲနေတဲ့ အမြင်အာရုံတွေက
သူ့ကိုတစ်စုံတစ်ခုနဲ့ ဖုံးအုပ်ထားလို့လား ?
ဖြစ်နိုင်တာက မင်းမရှိတော့တဲ့
ငါ့အနာဂတ်နဲ့တူပါတယ်

.................

"မတွေ့ရတာကြာပြီနော် seok "

"အင်း မင်းထွက်သွားကထဲက ဆိုပါတော့ "

"ငါတောင်းပန်ပါတယ် ငါ..."

"မလိုပါဘူး ငါတို့ကအစထဲက ရင်းနှီးနေတဲ့
ဆက်ဆံရေးမှမဟုတ်ပဲ "

"seok လေး~"

"ဒီမှာ Min သူဌေး ကျွန်တော်တို့ အလုပ်အကြောင်းပဲပြောကြတာပေါ့ "

"ကောင်းပြီလေ မင်းကငါနဲ့စကားမပြောချင်မှတော့
ငါကမပြောတော့ပါဘူး ပြီးတော့ ငါက Kim Namjoon နဲ့ပူးပေါင်းပြီး အလုပ်လုပ်စရာကို
မရှိဘူး "

"အဲ့တာဆို ဘာလို့ အလုပ်ကြောင့်လို့ ခေါင်းစဥ်တပ်ရတာလဲ "

"အဲ့လိုမှမဟုတ်ရင် သူ့လောင်းရိပ်အောက်ရောက်နေတဲ့ မင်းနဲ့ငါ တွေ့လို့ရမယ်ထင်နေတာလား "

".....အဲ့တာကတော့ သူက ငါ့ကိုစိတ်ပူလို့နေမှာပေါ့
နောက်တစ်ခါအလိမ်မခံရအောင်..."

"မင်းသိထားတာတွေ တစ်ခုမှမဟုတ်ဘူး seok
အကုန်အလိမ်အညာတွေ မင်းကို ဟိုကောင်
လိမ်ထားတာ... "

"ငါ့ကိုမညာနဲ့ ! မင်းလုပ်တဲ့ကိစ္စကို joonကို
အပြစ်မပုံချနဲ့ လူသတ်ကောင်!"

နီရဲနေတဲ့မျက်သားတွေနဲ့အတူ အံကိုတင်းတင်း
ကြိတ်လို့ထားတဲ့သူ...

"လူသတ်တယ် ? ငါကလေ? ဟဟားဟား
ဟဟားဟား "

ပြောစရာစကားတွေပါ ပျောက်ဆုံးလာတာမလို့
အော်ပြီးတော့ရယ်မိသည်။

"အေး မင်းသူပြောသမျှ သိပ်ကိုယုံနေတာလား
တစ်ချိန်ကျရင် အမှန်တရားကိုငါ အကုန်ပြောပြမှာ
မလို့ မင်းစောင့်သာနေ "

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now