𝑷𝒂𝒓𝒕 2

1.1K 144 8
                                    

Unicode

အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်၀ယ်
Boss ကတော့ ကားနောက်ခန်းကနေ နောက်ကိုလှန်ချကာ ခပ်လျှောလျှော ဖြစ်အောင်လုပ်ပြီး အနားယူနေလေရဲ့ ။ Boss ရဲ့စိတ်တွေက အခုဆို ဘာတွေများ
ဖြစ်နေမလဲ ။ မျက်ခုံးများအားတွန့်ချိုးပြီး အသည်းအသန် စဥ်းစားနေသည်မှာ ဆက်လုနီးပါး
ဖြစ်နေတဲ့ မျက်ခုံးနှစ်ဖက်ကသက်သေပင် ။

ကားမောင်းနေရင်း နောက်ခန်းက Bossကို
ခိုးခိုးရှိုးရတာလဲ အလုပ်တစ်ခုပင်။
ကျွန်တော်ဟာ bossအတွက်တော့ driver ,
Bodyguard,  နောက်ဆုံး လက်မရွံ့လူသတ်နိုင်တဲ့
အထိ အရာရာဟာ သူဌေးလေးရဲ့ သဘောကျသာ
ဖြစ်နေခဲ့သည်။

သူကဘာကြောင့် ကျွန်တော့်ကျေးဇူးရှင်ဖြစ်နေခဲ့ရလဲ? ဒီအကြောင်းကိုပြောရမယ်ဆို နည်းနည်းတော့
နောက်ကြောင်းပြန်ရမှာပေါ့ ။

အဲ့အကြောင်းကတော့....

"Kim Tae Hyung မင်းလုပ်နေတာတွေက
ဆောက်ချိုးမပြေဘူးနော် "

"ဒီမှာ ဂျာကြီး တကယ်ဆိုကျွန်တော်မှားတာမဟုတ်ပဲ
သူ့ဘက်ကမှားတဲ့ကိစ္စလေ နောက်ဆုံးတော့
ကျွန်တော့် အပြစ်တဲ့လား "

"မင်း ပါးစပ်ကိုပိတ်ထား ဘယ်သူမှားမှားမှန်မှန်
စားသုံးသူကို ဦးစားပေးရမယ်ဆိုတာ
မင်းနားမလည်ဘူးလား တောက်! မင်းလိုကောင်မျိုးကို ခေါ်မိတာကိုက မှားတာ သွား အခုထွက်သွား
ဘယ်တော့မှပြန်မလာနဲ့ "

"သွားမှာပါ သွားမှာ ခင်ဗျားတို့လို ပေးတာလေးယူ
ကျွေးတာလေးစား နေစရာနေရာလေးပေးပြီး
ခွေးလိုနွားလို ခိုင်းစား​နေတဲ့နေရာမှာလဲ
မနေဘူး တောက် ! ဟိုသူတောင်းစားကိုလဲ
မကျေဘူး "

"မင်း မင်း !!"

ဒေါသတွေတစ်ရှူးရှူးထွက်နေတဲ့ ဂျာကြီးကိုလဲ
သူစိတ်မ၀င်စားတော့ပါ။ သွေးတက်ပြီးသေသွား
အေးတာပဲ။

စားသောက်ဆိုင်လေးတစ်ခုမှာ လုပ်နေတဲ့ ကျွန်တော်ဟာ ဆိုင်ကစားသုံးသူနဲ့ ရန်ဖြစ်ကာ အခုတော့ လမ်းပေါ်ရောက်လို့လာပြီ။

တကယ်ဆို သူတို့ကသာ
ကျွန်တော့်ကိုအနိုင်ကျင့်စော်ကားချင်နေကြတာ
မလား?သွားစရာနေရာမရှိတဲ့ တစ်ကောင်ကြွက်ကလေးမလို့ သူတို့ဆိုင်မှာငယ်ငယ်ထဲက ကျွန်လိုနေလာခဲ့ရတာ  အခုတော့ လွတ်သွားပြီ ဟ။

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now