Unicode
ပွဲကစည်ကားလာတာနဲ့အမျှ စိတ်တွေကျဥ်းကျပ်လာတာအမှန်ပဲ။ ဒါကို မသိသူကတော့
ပြုံးလို့ရွှင်လို့....စကားတွေပြောလို့......
ဒါပေမယ့် သူကျွန်တော့်ကို ဖက်ထားဖို့ကိုတော့
နည်းနည်းလေးမှ မမေ့ခဲ့ပါဘူး။ခပ်တင်းတင်းဖက်ထားတဲ့ ခါးတစ်၀ိုက်က
လက်တွေကနေ ရုန်းထွက်လိုက်တော့ စကားပြောနေရာကနေ ချက်ချင်းလှည့်ကြည့်လာတယ်။"ဘာဖြစ်လို့လဲအချစ် မူးလို့လား အများကြီးလဲ
မသောက်ထားပဲနဲ့ အတော်ဆိုးလို့လား "စိုးရိမ်တကြီးနဲ့မေးလာတဲ့သူ့စကားတွေက
ငါရုန်းထွက်ဖို့ခက်နေရတဲ့ အကြောင်းပြချက်တွေ
ဖြစ်နေမယ်နဲ့တူပါတယ်။"ဟင့်အင်း လူတွေအရမ်းများလာလို့ joon
ငါပြန်ချင်ပြီ""ဟာ အဲ့လိုလုပ်လို့ မရဘူးလေ အခုမှလူစုံတဲ့
ကိစ္စကို ...""ဒါပေမဲ့ ငါမနေချင်တော့ဘူးလေ "
"မရဘူး ! ဒီကိုခေါ်လာတာ အချစ်ကို ကိုယ်မိတ်ဆက်
ပေးချင်လို့လေ ဘာလို့ပြန်ဖို့ပြောနေတာလဲ ""ငါမှနေချင်စိတ်မရှိတာ ပြီးတော့ မင်းမိတ်မဆက်ပေးလဲ တစ်နိုင်ငံလုံးက လူတွေက ငါတို့ကစုံတွဲမှန်း
သိပြီးသား ဘာတွေပူပန်နေတာလဲ ဪ
မင်းရဲ့အရှုပ်ထုပ်တွေနဲ့က ထင်သလိုမဟုတ်ပဲ
ကောလဟာလပါဆိုပြီး ငါ့ကို အသုံးချနေတာလား""ကိုယ် အဲ့လိုမရည်ရွယ်တာ အချစ်သိတယ်မလား "
"မသိဘူး အခုလောလောဆယ်တော့ ငါကို
အသုံးချသလို ခံစားနေရတယ် ငါ့ကို ပြန်ခွင့်ပေး ""မပြန်ရဘူးလို့ ကိုယ်ပြော..."
ပြောနေတဲ့စကားတွေကို ရုတ်ချည်းရပ်တန့်လိုက်ကာ ..တစ်နေရာဆီ အကြည့်လွှဲသွားတဲ့သူ...
ဘာလဲ ဒါဘာအပြုအမူလဲ ငါ့ကို
ဂရုမစိုက်တာလား ။"မင်း...ငါ့ကို "
"အချစ် ပြန်လိုက်တော့ "
ဟင် ဒါကဘယ်လိုအခြေအနေကြီးလဲ..
ရုတ်တရက်ဆိုသလို ဒေါသထွက်နေတဲ့ အနေအထား
ကိုပြောင်းသွားတဲ့သူကြောင့် သူကြောင်အမ်းမိနေတာ
အမှန်ပဲ..။
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung