Unicode" ငါ့ရဲ့အရာအားလုံး ....ဆုံးရှုံးခဲ့ပြီးပြီပဲ
မင်းကတော့ ငါ့အနားကနေ
ထွက်သွားဖို့ မစဥ်းစားပါနဲ့ "
_________________________________
" သခင်ကြီး တကယ်ပဲ ဒီစျေးနဲ့
ပေးလိုက်တော့မှာလား ""အင်း ဟုတ်တယ် ဒီထက်ပိုရနိုင်တယ်ဆိုပေမယ့်
အခြေအနေက သိပ်တော့ကောင်းတာ မဟုတ်ဘူး
Hoseok က အရင်ကလို ငါ့ဘက်ကလို့ထင်ရတဲ့
ငါ့ဘက်သားမဟုတ်တော့တာမလို့ လက်၀ယ်ထားရင်
အရမ်းအန္တရာယ်များမှာပဲ ဘယ်လိုပဲဖြစ်ဖြစ်
ရှုံးမှမရှုံးပဲ ဒီamount က ငါ့အတွက် အများကြီး
အဆင်ပြေနိုင်တယ် ပူစရာမလိုဘူး ""သူကတော့ နောက်တစ်လလောက်နေရင်
ပစ္စည်းတွေ အကုန်သယ်မယ်ပြောတယ် ""ဟုတ်ပြီ အဲ့အချိန်တွင်းမှာ ဘာမှမဖြစ်စေနဲ့
အမှားအယွင်းလဲမရှိစေနဲ့ ပြင်ဆင်စရာရှိတာ
ပြင်ဆင်ထားတော့ ""ဟုတ်ကဲ့ "
အရာအားလုံးက ငါမျှော်လင့်ထားသလို
ဖြစ်လာတော့မှာ.......
အချိန်တစ်လထဲပဲ ဒီအတောအတွင်းသာ
ငါတောင့်ခံနိုင်ရင် အရာအားလုံးအဆင်ပြေပြီ
ငါဘယ်အရာကိုမှ မရှုံးတော့ဘူး ...အိမ်ထဲကို ၀င်လာတော့ ထူးဆန်းတဲ့ အငွေ့အသက်တွေကို ရလိုက်မိတယ် ...
တစ်စုံတစ်ခုက အကြီးအကျယ် ပေါက်ကွဲတော့မလိုပဲ
အခုတလော စိတ်ပင်ပန်းစရာတွေ အရမ်းများပြီး
ပင်ပန်းနေလို့များလား ..."Hoseok ရော "
ဘေးနားကအိမ်တော်ထိန်းကို လှမ်းမေးလိုက်တော့
ဦးညွှတ်ကာ တရိုတသေပြန်လည်ဖြေသည်။"သူ့အခန်းထဲမှာပါပဲ သခင်ကြီး "
"ငါအပြင်သွားတုန်းက သူအပြင်မထွက်ဘူးလား "
"ဟုတ်ကဲ့ လုံး၀မထွက်ပါဘူး "
သူပြုံးယောင်သန်းသွားသည် ။
နောက်ဆုံးတော့ သူလဲ ငါ့ဘက်ကပြန်ဖြစ်နေပြီနဲ့
တူတယ် ...အရာအားလုံး အဆင်ပြေပြေနဲ့
ပြီးသွားတော့မှာပဲ
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung