Unicode
မင်းမသိတဲ့အကြောင်းအရာတွေကို
တစ်နေ့ ငါဖုံးကွယ်နေရက်နဲ့
မင်းသိသွားတဲ့တစ်နေ့
အဲ့နေ့ရောက်လာခဲ့ရင်
မင်းများငါ့ကိုထားသွားမလား?
###############
ထိုင်နေတဲ့တစ်လျှောက်...အတွေးတွေက
ဟိုတစ်ပေါက်ဒီတစ်ပေါက်....အဲ့တာတွေက Min Suga ဖန်တီးလိုက်တဲ့
ပဟေဠိ တွေကြောင့်လား ?ဒါမှမဟုတ် သူနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်ခံလိုက်ရလို့များလား ?
အလုံပိတ်ထားတဲ့ ကားဘေးမှန်ကို သူဆွဲချလို့
နေတော့ ရှေ့ခန်းက သူ့ရဲ့သက်တော်စောင့်လို့
အမည်တပ်ထားတဲ့ Kim Namjoon ရဲ့
မျက်လုံးတွေက သူ့စီအလိုလိုရောက်လာတယ်။"ငါဒီအတိုင်း စိတ်ရှုပ်နေလို့ တံခါးဖွင့်တာ
ပိုပြီးစိတ်ရှုပ်ဖို့ကောင်းအောင် သံသယမျက်လုံး
တွေနဲ့ လာကြည့်မနေနဲ့ "ပြောလိုက်တော့ တောင်းပန်သလိုအကြည့်မျိုးဖြင့်
အရှေ့ကိုသာ အာရုံစိုက်နေလေသည်။
သူစိတ်ကျဥ်းကျပ်တယ်....
အရင်က Vနဲ့အတူရှိနေသလိုမျိုး လုံခြုံမှုမျိုးကို
သူမရတဲ့အပြင် အခုတော့ မနှစ်မြို့စရာ
ခံစားချက်ကြီးတွေနဲ့ သူနေနေရတယ်...
အမြဲလိုလို စောင့်ကြည့်ခံနေရတာက
သေလောက်တဲ့အပြစ်ကို ကျူးလွန်ထားတဲ့
အပြစ်သားတစ်ယောက်လို...တစ်ကယ်လို့ သူ့မှာအပြစ်ရှိခဲ့ရင် ထိုအပြစ်ဟာ
ဤလူသားအား နက်ရှိုင်းစွာချစ်မိသွားခြင်းလို့ပဲ
ပုဒ်မတပ်ရတော့မလား ။
နှလုံးသားရေးရာဌာနမှာ တစ်သက်တစ်ကျွန်းကျရမည်ဆိုသော်ငြား သူနဲ့သာဆို ကျေနပ်စွာပင်
ခံယူပါအုံးမည်။ရင်ခုန်သံလေးတွေက ဆယ်ကျော်သက်
တစ်ယောက်လို နူးညံ့လက်ဆက်လို့နေပြီး
ရုတ်တရက်ကြီး လေထုအခြေအနေကလဲ
သိပ်သည်းဆလျော့နည်းသွားကာ သူ့အတွက်
စိတ်သက်သာရာရလာသည်။
ထိုသူသည် ဤမျှလောက်အထိ သူ့အပေါ်
စိုးမိုးနိုင်စွမ်းရှိသည်။
ကားမှန်ဘောင်နား လက်ထောက်လို့ အရင်က
ပျော်ရွှင်စရာအကြောင်းများတွေးမိပြန်တော့
ကြည်နူးမှုကြောင့် သူစိတ်လိုလက်ရပင်
ပြုံးလိုက်မိသည် ။
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung