Unicode
သူစေလိုရာစေနိုင်သည် ..
အကျွန်ုပ်သည် သူ့ခြေဖဝါးနုနုအောက်က
ကျွန်တစ်ယောက်ဖြစ်၍
ထိုသူသည် အကျွန်ုပ်၏ အရှင်သခင်
နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။
>>>>>>>>>>>
အေးစက်စက် အထိအတွေ့က ခြေချင်း၀တ်
တစ်လျှောက်နေရာယူနေတော့ သူအသိတွေက
အခုမှ ကပ်လာသလို ဇက်ခနဲ တွန့်သွားသည်။
ဒါကိုပင် ပြန်လည်ဆွဲယူလို့ ထိုအေးစက်စက်အရာနဲ့
ပြန်လည်ထိတွေ့နေပြန်သည် ။သူမျက်၀န်းတွေကို အားယူလို့ ဖွင့်ကြည့်မိသော်လဲ
မှောင်မဲနေဆဲပင်...
ဒါဟာ သူအမြင်အာရုံတွေ ကွယ်သွားတာမဟုတ်ပဲ
တစ်စုံတစ်ခုနဲ့ ပိတ်စည်းခံထားရခြင်းဖြစ်ကြောင်း
မျက်တောင်နှင့် တစ်ဖျတ်ဖျတ်ရိုက်ခတ်မိနေသည့်
ထိုအရာက သက်သေပြနေသည် ။သူဘာတွေဖြစ်သွားတာလဲ....
"နိုးလာပြီလား "
မမြင်ရတဲ့ စက္ခုအာရုံကြောင့် ကြားရတဲ့
သောတအာရုံကိုသာ သူပိုလို့အာရုံစိုက်လိုက်မိသည်။
ထိုရင်းနှီးနေသောအသံသည် သူမည်သို့မျှ
မှားနိုင်မည်မဟုတ်...Min Suga...
"ဒါဘာလုပ်တာလဲ Suga!"
ရုန်းကန်လိုက်သော်လည်း အချည်းနှီးသာသာ..
အဘယ်ကြောင့်ဆိုသော်...လက်ကိုချည်နှောင်ထားတဲ့
အရာတစ်ခုကြောင့်..."နိုးလာတာနဲ့ မေးတော့မယ်ဆိုတာသိပါတယ်
ငါကအရင်ကဒီလိုလုပ်ဖို့ စိတ်ကူးမရှိပါဘူး
ဒါပေမဲ့ RM ကငါ့အစီအစဥ်တွေကို ပြောင်းလဲ
သွားအောင် လုပ်ပလိုက်တယ်လေ ""မင်း...ဘာလိုချင်လို့လဲ ငါ့ကို အသုံးချနေလဲ
ဘာမှသိရမှာမဟုတ်ဘူး အ့ "ဒေါသကြောင့် ရုန်းကန်အားပြင်းသွားကာ
လက်မှာချည်နှောင်ထားတဲ့ အရာသည်တင်းခနဲမလို့
အရင်ကဒဏ်ရာပေါ်ထိ၍ ဆစ်ခနဲပင်...
YOU ARE READING
𝙶𝙸𝚅𝙴 𝙼𝙴 𝙰 𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )
FanfictionBoth Zawgyi & Unicode Boss စကားကဒီကောင့်အတွက် အရာရာပဲ ~~ 𝑻𝒉𝒂𝒏𝒌 𝒀𝒐𝒖♡♡♡ ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 Evolet_Jung