𝑷𝒂𝒓𝒕 16

503 88 10
                                    

Unicode

သူ့အမှားလဲမဟုတ်သလို...မှန်လဲမနေဘူး

သူကရော အလုံးစုံမှန်နေခဲ့လားဆိုတော့လဲ....

မဟုတ်ပြန်ဘူး.....

ဒီဇာတ်လမ်းမှာ...ဘယ်သူမှမမှန်ခဲ့ကြဘူး

ဒါဆို...အဆုံးသတ်ကရော...မှန်ကန်နေပါ့မလား ?

\\\\\\\\\\\\\\

" မင်း ငါ့လူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်ဆို V "

Min သူဌေးရဲ့ အလုပ်ခန်းထဲသို့ ခေါ်ယူမေးမြန်းခြင်း
ခံနေရသည်သာ...
ဒီလိုတွေဖြစ်လာမယ်ဆိုတာ သိပြီးသားမလို့
သိပ်တော့မတုံလှုပ်မိချေ ။

"ဟုတ်ကဲ့ Hoseok  Hyung ကို ထိပါးလာတာမလို့
ကျွန်တော်လုံး၀ သည်းမခံနိုင်တော့လို့ပါ တကယ်လို့
အဲ့အတွက် ကျွန်တော်မှားတယ်လို့ ယူဆမယ်ဆိုရင်
ကျွန်တော် အပြစ်ကိုခံယူဖို့ အသင့်ပါ "

"ဟက် ချစ်တတ်နေလိုက်ကြတာ "

ဆေးလိပ်တစ်လိပ်ကို ခပ်ပြင်းပြင်းရှိုက်လို့
အဝေးတစ်နေရာကိုကြည့်နေရင်းကဆိုသည် ။
Min  သူဌေးက အရင်က Hoseok Hyung နဲ့
ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး ထိုထက်လဲ
ပိုဖူးခဲ့လေသည် ။ သူတို့မှာ အချစ်ဆုံး သူငယ်ချင်း
သုံးယောက်ရှိကြတယ်...Hoseok Hyung ရယ်
Min သူဌေးရယ် Kim Namjoon ရယ်...
တကယ်ပဲသူတို့ကြားမှာ ဘာတွေရှိနေခဲ့တာလဲ ?

ကံကြမ္မာက ချစ်နေတဲ့သူတွေကိုတောင်
အမုန်းကြီးမုန်းသွားစေဖို့ စေခိုင်းနိုင်စွမ်းလဲ
ရှိခဲ့တယ် ...ဒီအတွက်လဲ Min သူဌေးက 
Hyung ဆီကယုံကြည်မှုကို ပြန်ရဖို့ ကြိုးစားနေပုံပဲ။

အဆင်ပြေသွားတဲ့  တစ်နေ့ကျ ကျွန်တော့်ရဲ့
ပြိုင်ဘက်တစ်ယောက်ဖြစ်လာနိုင်ပေမယ့်
အခုချိန်မှာတော့ ကျွန်တော်တို့ ဦးတည်ချက်က
တစ်ခုထဲပဲ ...

"ငါမင်းကို ဘာမှမလုပ်ပါဘူး ငါလဲ Seokကို
ထိခိုက်စေချင်တာမဟုတ်လို့ မင်းမှန်တယ်လို့
ပြောရမယ်  ပြီးတော့ ငါ့ကို တစ်ခုရှင်းပေးအုံး
ရော့ .."

𝙶𝙸𝚅𝙴  𝙼𝙴  𝙰  𝙲𝙷𝙰𝙽𝙲𝙴 ( COMPLETED )Where stories live. Discover now