'J' means the whole life

1.7K 126 10
                                    

လွမ်းတယ်
ဒီညတော့ငါနင့်ကို အရမ်းလွမ်းတယ် ဟန်နီ
မဟုတ်ဘူး လိုအပ်နေတာ ငါ့ဘေးနား ဟန်နီရှိဖို့
လိုအပ်နေတာ...

ငါဒီနေ့အဆင်မပြေဘူး ဟန်နီ
အဆင်မပြေတာတွေတော်တော့်ကို များနေတာ
အလုပ်မှာ အဆင်မပြေတာတွေရော
လူမှုရေး ကိစ္စတွေမှာ အဆင်မပြေတာတွေရော

အရင်ကဆို အဆင်မပြေဖြစ်တိုင်း
ဟန်နီကို ပြောပြရင် ဒီလိုချိန်မျိုးဆို ဟန်နီက ငါ့ ကို
နှစ်သိမ့်ပေးနေကြမလား ။

အဆင်မပြေတဲ့အချိန်မှ သတိရတယ်လို့တော့
မထင်နဲ့ ဟန်နီ
ဝေးသွားပြီးကတည်းက တစ်ရက်မှ မေ့လို့မရခဲ့ပါဘူး

ဟန်နီ နင်ကလေ ငါမရှိလည်း အဆင်ပြေနေတာပဲနော်
ငါက သာ တစ်ဖက်သတ် ခံစားနေရတာ
ပြောမယ့်သာပြောရတာ ငါတို့တွဲခဲ့တုန်းက လည်း
နင်က အေးစက်စက်ပဲလေ ။

ငါနင့်ကိုဖုန်းခေါ်ချင်မိတဲ့စိတ်ကို
ဒီညတော့ အသေချုပ်ထိန်းနေရတယ် ဟန်နီ ။
ဖုန်းမခေါ်ဖြစ်အောင်လည်း ငါကြိုးစားမှာပါ
ငါတို့က မဖြစ်နိုင်တော့တဲ့ လူတွေပဲလေ ။
မဟုတ်ဘူး ငါတို့က အစကတည်းက
မဖြစ်သင့်တာ ငါသိရက်နဲ့ နင့်ကို ချစ်လွန်းလို့
နင့်ဆီကို တိုးဝင်ခဲ့မိတာ ။
အစကတည်း ကငါ့ဘက်ကသာ မစခဲ့ရင် ငါတို့
တွဲ ဖြစ်ခဲ့စရာ အကြောင်းလည်း မရှိဘူးလေ။

ငါ့အမှားတွေပါ ဟန်နီ ငါ့အမှားတွေပါ
နင်နဲ့စသိခွင့်ရကတည်းက ခံစားချက်တွေကို
အလိုမလိုက်ခဲ့သင့်တာ ငါ့အမှားပါ။
ငါနင့်ကိုသေလောက်အောင် ပြန်လိုချင်လည်း
နင်နဲ့ငါနဲ့က လုံးဝကို ပေါင်းဖက်လို့မရတဲ့ လူစားမျိုးတွေလေ ။

နင့်သတင်းတွေလည်း ငါကြားပါတယ်ဟန်နီ
ငါချစ်တဲ့လူသားလေးက ခုတော့နောက်တစ်ယောက်နဲ့
ပျော်ရွှင်လို့ဆို
ငါတို့ ကွဲသွားတဲ့ခြောက်လအတွင်းမှာ
နင်ကတော့ တခြားသူနဲ့ ပျော်နေပေမယ့်
ငါကတော့ တစ်ရက်မှ မေ့မရခဲ့ဘူး
လောကကြီးက မတရားလိုက်တာနော် ။

နင်တစ်ခြားတစ်ယောက်နဲ့ပျော်နေတာကို
ငါပါလိုက်ပျော်ပေးနိုင်တဲ့ သတ္တိငါ့မှာ မရှိသေးဘူး
နင်နဲ့ပတ်သက်ရင် နည်းနည်းလေးမှ သတ္တိမရှိတာ
နင်အသိဆုံးပဲ ဟန်နီ ။
ကိုယ့်ချစ်တဲ့သူက တခြား တစ်ယောက်နဲ့ ပျော်နေတာကို လက်ခံပေးနိုင်တဲ့အထိ
လူတစ်ယောက်ကို ချစ်ပါတဲ့

Rubylili (one shot collections)Où les histoires vivent. Découvrez maintenant