မာမီ ရူဘီ

1.9K 134 6
                                    

အဲ့ဒီမိန်းမက အမြဲတောက်ပတဲ့ အကြည့်စူးစူးတွေနဲ့လူကို ကြည့်တတ်တဲ့မိန်းမ ။

အလိုရှိပြီဆို ပွတ်သပ်ကပ်ချွဲပြီး သူ့ထံခစားနိုင်အောင် စွမ်းဆောင်နိုင်တဲ့ အဲ့ဒီမိန်းမ ။

အဲ့ဒီမိန်းမရဲ့ အကျင့်တစ်ခုက သူ့ပုံစံနဲ့မတူ
တွယ်ကပ်လွန်းနေပြီဆို လူကိုသေချာပေါက်ထားပစ်ခဲ့တော့မယ့် မိန်းမ ။

အဲ့ဒီလိုမိန်းမမျိုးကို လီဆာ သိပ်ချစ်လွန်းခဲ့ပါသည်။

.......

" ဒါက ဘယ်ကပြန်လာတာလဲ "

လီဆာအမေးကို သူမက မဖြေ
သူ့ရဲ့ ဒေါက်ဖိနပ်ကို အသည်းအသန်ဆွဲချွတ်နေသည်။
ဝိုင်တွေဘယ်လောက်သောက်ခဲ့တယ်မသိ
ဝိုင်နံ့တွေက လီဆာနှာခေါင်းထဲထိ စူးဝင်နေသည်။

သူ့အကျင့်တစ်ခုကဘယ်လောက်မူးနေပါစေ
လီဆာရှိရာသို့ အမြဲရောက်အောင်ပြန်လာတတ်သည်။

" ဘေဘီ ဘာစားပြီးပြီလဲ "
သူ့အသံက မသဲမကွဲ

သူနဲ့အတူထမင်းအတူစားဖို့စောင့်နေတာမသိရော့သလား။
သူ့အမေးကို မဖြေတော့ဘဲ ယိုင်နဲ့နေတဲ့ သူ့ခန္ဓာကိုယ်ကို အိပ်ခန်းထဲသို့ရောက်အောင် တွဲပို့ရမည်။

အခန်းတံခါးဝရောက်တော့ သူ့နှုတ်ခမ်းတွေက အတင်းနမ်းဖို့ကြိုးစားလေသည်။

" တခြားသူကိုနမ်းခဲ့တဲ့ နှုတ်ခမ်းတွေနဲ့ ကျွန်မနှုတ်ခမ်းကို နမ်းဖို့မကြိုးစားစမ်းနဲ့ "

" နှုတ်ခမ်းကို မနမ်းရဘူးဆိုရင် တခြားနေရာတွေကိုနမ်းမယ်လေ "
ပြောလည်းပြောရင်း သူ့နှုတ်ခမ်းတွေက လီဆာ့ ခည်တိုင်တစ်ဝိုက်ကို နေရာယူသည် ။

အားကုန်သုံးကာသူ့ကို တွန်းထုတ်လိုက်တော့
သူမရဲ့ အကြည့်စူးစူးတွေကို ပြစ်ဒဏ်အဖြစ်ရရှိသည်။

" တခြားသူကိုမနမ်းခဲ့ဖူးဆိုတဲ့ မုသားလေးတောင်
ကျွန်မကို မပြောနိုင်ဘူးလား "
သူက ရယ်သည် ။ သဘောတကျရယ်သည်။
ပြီးတော့ လှောင်ပြောင်သလိုရယ်သည်။
တတ်လည်းတတ်နိုင်တဲ့မိန်းမ ။

" ဘေဘီက စွပ်စွဲနေတော့ တို့က ဘယ်လိုဖြေရှင်းချက်မျိုးပေးရမလဲ ။ဖြေရှင်းချက်တွေပေးရမှာတို့အမုန်းဆုံးပဲ ။ဘေဘီနှုတ်ခမ်းတွေကိုပဲ
အရသာခံပြီးနမ်းတတ်တာဆိုတာ ဘေဘီ ခုထိ မယုံကြည်နိုင်သေးဘူးပေါ့ "

Rubylili (one shot collections)Tahanan ng mga kuwento. Tumuklas ngayon