ဆောင်းရာသီရဲ့ နှင်းတွေစကျတဲ့ ပထမဦးဆုံးနေ့မှာ
သူ့ကို စသိတယ်။မှတ်မှတ်ရရ ဆွယ်တာအင်္ကျီ အဖြူစွပ်စွပ်ကို
သူဝတ်ထားသည်။အဖြူရောင်ပေါ်မှာ စတော်ဘယ်ရီပုံ
နီနီရဲရဲလေးတွေနဲ့ သိပ်ကို လှတဲ့
မာဖလာလေးကိုလည်း သူက ပတ်ထားသေးသည်။နှင်းစက်လေးတွေမြေပြင်ပေါ်သို့ ဆင်းသက်လာတဲ့အခါ ဖြူစင်တဲ့ အချစ်တစ်ခုပေါက်ဖွားလာခဲ့သည် ။
တစ်နည်းအားဖြင့် အချစ်ဦးလို့ အမည်တပ်လို့ရတဲ့
အချစ်တစ်ခု။.....
ကျွန်မသူငယ်ချင်း ချာဟီးက သူ့ငယ်သူငယ်ချင်းနဲ့
ပန်းခြံမှာသွားတွေ့ဖို့ အတွက် အဖော်ခေါ်တာနဲ့
လိုက်သွားဖြစ်သည်။ကျွန်မလည်း အစက လိုက်သွားဖို့အတွက်
အင်တင်တင်ဖြစ်နေပေမယ့်.. နောက်ဆုံးတော့
အဖော်လိုက်သွားဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့သည်။အဲ့နေ့ကသာ ချာဟီးနဲ့ အဖော်လိုက်မသွားဖြစ်ခဲ့ရင်
သူနဲ့တွေ့ဆုံဖြစ်ခဲ့မှာ မဟုတ်ပေ ။ကျွန်မတို့နှစ်ယောက်ပန်းခြံထဲရောက်တော့
ချာဟီးရဲ့ ငယ်သူငယ်ချင်းကို စောင့်နေတုန်း
ဆောင်းရာသီရဲ့ ပထမဆုံးနှင်းကျသည်။ပထမဆုံးနှင်းကျတဲ့အချိန်ဆိုတော့
ပန်းခြံထဲက လူတိုင်း ပျော်ရွှင်နေတဲ့ အသံကို
ခံစားနေရသည်။ဓာတ်ပုံရိုက်တဲ့လူကရိုက်
နှင်းတွေထဲမှာပြေးလွှားနေတဲ့ သူက ပြေးလွှားနဲ့
ပျော်ရွှင်နေသည် ။ဂျဲနီကိုယ်တိုင်လည်း နှင်းတွေကြားထဲ ပျော်နေပါသည်။
" ချာဟီး.. ငါ့ကို ဓာတ်ပုံရိုက်ပေးပါလား "
သူငယ်ချင်းချာဟီးကို ဓာတ်ပုံရိုက်ပေးဖို့ပြောတော့ သူက
" ခဏလေး Nie ..ဟိုမှာ လီဆာရောက်လာပြီ "
ချာဟီးက အမြဲတမ်း ဂျဲနီပြောတာကို လိုက်လျောပေးနေကြလူဆိုတော့
ချာဟီးက လီဆာကို တွေ့ဖို့ စိတ်လောနေတော့
ချာဟီးက ဂျဲနီထက် သူ့ကို ပိုခင်နေမှာ
ကြောက်တယ်ဆိုတဲ့ အတွေးမျိုး ဝင်မိသေးသည်။
YOU ARE READING
Rubylili (one shot collections)
Short Storyရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤