'မင်းပဲဒဏ်ရာ
မင်းပဲကုထုံး
မင်းပြောခဲ့သလိုပဲအစွန်းနှစ်ဖက်လူတွေကသိပ်ကိုကြောက်စရာကောင်းတယ်။
သူတို့က ဘယ်တော့မှညှိမယူတတ်ကြဘူးလေ '.........
"မောင့်ကိုငါပြောခဲ့သားပဲ... ငါက ဒဏ်ရာတွေများတဲ့မိန်းမဆိုတာကို။ ပြည့်ပြည့်ဝဝ အချစ်မခံရတဲ့ ကလေးတစ်ယောက်က ကြီးလာတဲ့အခါ လူတစ်ယောက်ကိုဘယ်လိုချစ်ရမလဲမသိသလိုပေါ့..
ငါတစ်ယောက်ကို စွဲစွဲလန်းလန်းငါမချစ်တတ်ဘူး"ကျွန်မစကားတွေကို မောင်က သက်ပြင်းချကာ
နားထောင်နေတယ် ။ မောင်.. မောင်ဟာ မိဘနှစ်ပါးလုံးဆီကတုန်နေအောင်ချစ်ခံခဲ့ရတဲ့လူဆိုတော့ ဂျဲနီရဲ့ ခံစားချက်ကိုနားလည်နိုင်မှာမဟုတ်ဘူး။" မောင့်အချစ်တွေက မလုံလောက်လို့လား
ဒီထက်မက အဆ ထောင်ပေါင်းများစွာမက ချစ်ပေးနိုင်တယ် မဟုတ်ဘူး မောင်သည်းကိုအရမ်းချစ်တယ်လေ "လီဆာထိုသို့ပြောတော့ နားမလည်ပါဘူးဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြန်တယ်။
လက်ထဲက စီးကရက်တစ်ဖွာရှိုက်တယ် ။
ဆေးလိပ်ငွေ့တွေကို တိမ်သဖွယ်မှုတ်ထုတ်ကာ" မောင်ငါ့ကိုအရမ်းချစ်တာငါသိတယ်..ဒါပေမယ့်
မောင်လည်းသိပါတယ် ငါလူတစ်ယောက်ကို မချစ်ပေးတတ်ဘူး မဟုတ်ဘူး ငါအများကြီးဆက်မချစ်တတ်တော့တာ "အမြဲတည်ငြိမ်နေတဲ့ မိန်းမတစ်ယောက်
ဘယ်အရာကိုမဆို ပြတ်သားတတ်တဲ့မိန်းမတစ်ယောက်ကိုမှ လီဆာ သေလောက်အောင်ချစ်နေမိသည်။" သည်းက မောင့်ကိုမချစ်လဲရတယ်လေ
မောင်ကချစ်ပေးနေရတာနဲ့ကျေနပ်နေပြီရတယ်
သည်းက မချစ်လဲ ဖြစ်တယ်။ မောင်သည်းကို လက်မလွှတ်နိုင်တာ သည်းလဲသိသားလေ"ချော့မြှူစွာပြောနေတဲ့စကားသံတွေက နားထောင်ကောင်းပါရဲ့.. ဒါပေမယ့် ဂျဲနီမောင့်ကို ထားပစ်ခဲ့မှဖြစ်မယ်။
" အချစ်မပါတဲ့relationship တစ်ခုကို
ဘယ်လိုတည်ဆောက်ရမလဲ မသိတော့ဘူး
ကြိုးစားပြီးလဲမတည်ဆောက်ချင်တော့ဘူး"သူမလက်ထဲက စီးကရက်တစ်လိပ်ကုန်သွားတာကို ငေးကြည့်နေရင်း လီဆာကို ထိုသို့ပြောလာသည်။
ESTÁS LEYENDO
Rubylili (one shot collections)
Historia Cortaရူဘီ့ဘယ်ဘက်လက်ဖဝါးပေါ်ကမှဲ့ကလေးကိုတယုတယ နမ်းရှိုက်ချင်ရဲ့ 🖤